လီမင်ဟို၏ (၂၉) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ကမ္ဘာတစ်လွှားမှပရိသတ်များကအလှူအတန်းများပြုလုပ်ပေး

 

ယခုလ၂၂ရက်တွင်ကျရောက် ခဲ့သော နာမည်ကျော်တောင်ကိုရီး ယားမင်းသားချော လီမင်ဟို၏ (၂၉)နှစ်ပြည့်မွေးနေ့တွင် ၄င်း သည် ပရဟိတအဖွဲ့အစည်းများ အားငွေကြေးများ လှူဒါန်းခဲ့ပြီး ကမ္ဘာအနှံ့ရှိ ¤င်း၏ပရိသတ်များ ကလည်း ၄င်း၏မွေးနေ့အထိမ်း အမှတ်အဖြစ်ပရဟိတအဖွဲ့အစည်း များသို့လှူဒါန်းမှုများပြုလုပ်ခဲ့သည်။ ၄င်း၏မွေးနေ့တွင် လီမင်ဟိုသည် ကလေးငယ်များစောင့်ရှောက်မှု ဆိုင်ရာပရဟိတအဖွဲ့အား အမေရိ ကန်ဒေါ်လာ ၁ဝဝဝဝခန့်လှူဒါန်း ခဲ့ပြီး ၄င်း၏လှူဒါန်းငွေများကို မိခင်(သို့)ဖခင်တစ်ဦးတည်းသာ ရှိသည့်ကလေးငယ်များအား စောင့်ရှောက်ရန် အသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံမှ၎င်း၏ ပရိသတ်များကလည်း ကိုရီးယား နိုင်ငံရှိ Unicef ရုံးခွဲသို့ တောင် ကိုရီးယားဝမ် ၁ဒသမ၂ သန်းကို လည်းကောင်း၊မက္ကဆီကိုမှပရိသတ် များကဆင်းရဲသည့်မိသားစုများ အတွက် ကျောင်းသုံးပစ္စည်းများ နှင့် အစားအစာများကိုလည်း ကောင်း၊ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ တို့မှပရိသတ်များကလည်း ကျန်း မာရေးဆိုင်ရာအသုံးပြုရန် ငွေ ကြေးများကိုလည်းကောင်းပေး အပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထို့ပြင် ချီလီမှပရိသတ်များ ကလည်းဂျပန်နိုင်ငံစာသင်ကျောင်း များရှိ ပိုလီယိုရောဂါခံစားနေရ သည့်ကလေးငယ်များအတွက် လည်းကောင်း၊ တရုတ်နိုင်ငံ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး ရေးအတွက် မွေးနေ့အထိမ်း အမှတ်လှူဒါန်းမှုများပြုလုပ်ပေး ခဲ့ကြသည်။ ၄င်း၏မွေးနေ့တွင် ကမ္ဘာတစ်လွှားမှပရိသတ်များက ၄င်းအတွက်ဆုတောင်းပေးမှုများ အလှူအတန်းများ ပြုလုပ်ပေးခဲ့ ကြသော်လည်းလီမင်ဟို၏ချစ်သူ ဆူဇီထံမှမူတစ်စုံတစ်ရာပြုလုပ် ပေးသံမကြားခဲ့ရကြောင်း သိရ သည်။ ယခုတလောတွင် ၄င်းတို့ နှစ်ဦးကို တွဲလျက်မတွေ့ရှိရ တော့ဘဲ ၄င်းတို့နှစ်ဦး လမ်းခွဲ လိုက်ပြီဟူသော သို့လောသို့လော သတင်းများလည်း ထွက်ပေါ်နေ လျက်ရှိသည်။


Leave a Reply