မင်္ဂလာဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာ စုံညီ အစည်းအဝေးကို ဇွန်လ (၁၈) ရက် နံနက် ၁ဝနာရီက ကျင်းပခဲ့သည်။

76807671-18062016

အခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး နာယကများဖြစ်ကြသော ဦးတင် မောင်ဝင်း၊ ဦးဆွေအောင်၊ ခရိုင် ပါတီအတွင်းရေးမှူးဦးတင်ယုနှင့် ကော်မတီဝင်များ၊ မြို့နယ်နာယကများ၊ မင်္ဂလာဒုံမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမင်း၊ အတွင်းရေမှူး ဦးမျိုး မင်းနိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ၂ဝ၁၅-၂ဝ၁၆ခုနှစ် ထူးချွန်ကျောင်းသား ကျောင်းသူများ၊ ကြက်ခြေနီနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက် ကြသည်။

အခမ်းအနားတွင် ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြား၍ ဆုပေးပွဲ အခမ်းအနားကျင်းပရာ ၂ဝ၁၅-၂ဝ၁၆ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ဆုရ ကျောင်းသား ကျောင်း သူများ၊ လူမှုရေးဆုရ ကြက်ခြေနီနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပါတီတွင်းရေးရာအလိုက် ဆုရရှိ သူများကို သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များကဆုများအသီး သီးချီးမြှင့်၍ ကဏ္ဍအလိုက် စာတမ်းများ ဖတ်ကြားပြီးပထမပိုင်း အခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင် ခေတ္တရပ်နားခဲ့သည်။

ဒုတိယပိုင်း အခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် ဆက်လက် ကျင်းပရာ မြို့နယ်ပါတီ ကော်မတီဝင်များ ပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကိုကျင်းပခဲ့ပြီး မွန်းလွဲ ၃ နာရီတွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

Union daily

 

 


Leave a Reply