တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ဇွန်လ ၁၁ ရက်ထုတ်ပြန်မည်

၂၀၁၅-၁၆ ပညာသင် နှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းကို ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန်ရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်း ရရှိသည်။

‘‘အောင်စာရင်းက ပုံမှန်ဆို ဇွန်လ ပထမပတ် စနေနေ့မှာ ထွက်တယ်။ နည်းနည်းနောက်ကျ ရင် ဒုတိယပတ်စနေမှာ ထွက် လေ့ရှိတယ်။ ဇွန်လ ၁၁ ထွက်ဖြစ် မယ်။ အခုရက်ပိုင်းက နည်းနည်း စောသေးလို့ မထုတ်ပြန်သေးတာ ဖြစ်မယ်’’ဟု ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်မြဲက ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို နှစ်စဉ် ဇွန်လ ပထမပတ်တွင် ထုတ်ပြန်လေ့ရှိပြီး ယခုနှစ်၌ အောင်စာရင်းထုတ်ပြန် ရန် ဆောင်ရွက်နေဆဲ ဖြစ်သော ကြောင့် ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိ ပေ။

၂၀၁၅-၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ၉ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့ ရာ ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသားငါးသိန်းကိုးသောင်း ကျော်ရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။

‘‘အောင်စာရင်းထုတ်ဖို့ အခု ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ အောင်စာရင်းထုတ်ပြန်တဲ့နေရာ တွေက အရင်အတိုင်းပဲ ပြောင်း လဲဖို့ မရှိပါဘူး’’ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ အဆင့်မြင့်အ ရာရှိတစ်ဦးက ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများကို တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ် ရာတွင် စာမေးပွဲရမှတ်ဖြင့်သာ ဆုံးဖြတ်ရွေးချယ်သွားမည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ သိရ သည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဖြေဆိုခဲ့သည့် စာစစ်ဌာနများ၊ မြို့နယ်အလိုက် ပညာရေးမှူးရုံးများနှင့် တစ်နိုင်ငံ လုံးအတွက် အထက(၁)အင်းစိန်၊ အထက(၁)ရန်ကင်း၊ အထက(၃) ကမာရွတ်၊ အထက(၁)လမ်းမ တော်၊ အထက(၂)ဒဂုံ၊ အထက (၁)သင်္ဃန်းကျွန်းနှင့် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး ပညာရေးမှူးရုံးများအပါအဝင် ခရိုင် ပညာရေးမှူးရုံးများတွင် ထုတ်ပြန် ကြေညာမည်ဖြစ်သည်။

7 Day Daily


Leave a Reply