ကမ္ဘာပေါ်က အားကစားသမားတွေထဲမှာ အကျော်ကြားဆုံး နံပါတ်တစ် ဖြစ်နေတဲ့ စီရော်နယ်ဒို
ရီးယဲလ်အသင်းရဲ့ ဂိုးသွင်းစက် စီရော်နယ်ဒိုဟာ ကမ္ဘာပေါ်က နယ်ပယ်အရပ်ရပ်က အားကစားသမားတွေထဲမှာ အထင်ရှားဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
အခုနှစ်ဘောလုံးရာသီမှာ ရီးယဲလ်အသင်း ချန်ပီယံလိဂ်ဖလားကို ၁၁ကြိမ်မြောက် ကိုင်မြှောက်နိုင်အောင် သူ့သွင်းဂိုးတွေနဲ့ တောက်လျှောက် ကူညီပေးခဲ့တဲ့ စီရော်နယ်ဒိုဟာ နာမည်ကြီး အားကစားမီဒီယာဖြစ်တဲ့ ESPN က ကောက်ယူတဲ့ စစ်တမ်းမှာ အထင်ရှားဆုံး အားစားသမား အယောက် ၁၀၀ စာရင်းမှာ နံပါတ် ၁ စာရင်းဝင်ခဲ့ပါတယ်။
သူ့နောက်မှာတော့ အမေရိကန် NBA ဘတ်စ်ကက်ဘော ကြယ်ပွင့် လီဘရွန်ဂျိမ်းစ်က ရှိနေပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီကလည်း သူတို့ နှစ်ယောက်နောက်မှာ တတိယအနေနဲ့ ရပ်တည်နေတယ်လို့ သိရပါတယ်။
ထိပ်ဆုံး ၁၀ယောက် စာရင်းကတော့ အောက်ပါ အတိုင်းပါ ။
1 Cristiano Ronaldo-Football
2 LeBron James –Basketball
3 Lionel Messi –Football
4 Neymar –Football
5 Roger Federer –Tennis
6 Kevin Durant –Basketball
7 Tiger Woods –Golf
8 Virat Kohli –Cricket
9 James Rodriguez –Football
10 Rafael Nadal -Tennis