စီးရီးအေ Clean Sheet စံချိန်ကို ဂျူဗင်တပ်စ်အသင်း အမီလိုက်ပြီး ချန်ပီယံဆုဖလားရယူ

13131275_1715651688687715_4408121265178719861_o

စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၅-၁၆ ရာသီ နောက်ဆုံးပွဲမှာ ဆမ်ဒိုးရီးယားအသင်းကို (၅-၀)ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ်(၃၇)မှာ အမှတ်ပေးဇယား အောက်ဆုံးက ဗီရိုနာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဒီပွဲမှာ ဂျူဗင်တပ်စ် သိက္ခာပြန်ဆယ်ဖို့ ကြိုးစားခဲ့ပြီး ခြေပြတ် ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းအတွက် ဂိုးတွေကို (၅)မိနစ်မှာ အီဗရာ၊ (၁၅၊ ၃၇)မိနစ်မှာ ဒီဘားလား၊ (၇၇)မိနစ်မှာ ချီလီနီ၊ (၈၅)မိနစ်မှာ ဘိုနူချီတို့ သွင်းယူခဲ့တာပါ။

နောက်ဆုံး(၅)ရာသီဆက် စီးရီးအေ ချန်ပီယံဖြစ်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းဟာ ဒီပွဲမှာ Clean Sheet ရခဲ့တာကြောင့် စီးရီးအေ Clean Sheet စံချိန်ကို လိုက်မီခဲ့ပါတယ်။

စီးရီးအေ တစ်ရာသီအတွင်း Clean Sheet အများဆုံး ရယူနိုင်ခဲ့တာက ၁၉၉၃-၉၄ ရာသီက အေစီမီလန်အသင်းနဲ့ ၂၀၁၃-၁၄ ရာသီက ဂျူဗင်တပ်စ်အသင်းတို့ဖြစ်ပြီး (၂၂)ကြိမ် ရခဲ့ပါတယ်။ ဒီရာသီမှာလည်း ဂျူဗင်တပ်စ်အသင်းက Clean Sheet (၂၂)ကြိမ်ရခဲ့ပြီး စီးရီးအေ စံချိန်ကို လိုက်မီခဲ့ပါတယ်။

-Ref: AFP


Leave a Reply