ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အခမဲ့ပညာသင်ကြားနိုင်ရန် Park Royal Hotel နှင့် SMVTI တို့ ပူးပေါင်း ဆောင်ရွက်မည်

13179337_10207027937716735_7125054524197915855_n

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခမဲ့ပညာသင်ကြားပေးရန် Park Royal Hotel နှင့် စင်ကာပူ-မြန်မာ အသက်မွေးဝမ်း ပညာ သင်ကျောင်း (SMVTI) တို့ ပူးပေါင်းဆောင်ရွက်ရန် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်အရ သင်တန်းကျောင်းဆင်း လူငယ်များကို ဟိုတယ်က လက်ခံ၍ လက်တွေ့လေ့ကျင့် သင်ကြားခြင်းများကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။ ဟိုတယ်တွင် လက်တွေ့သင်ယူပြီးပါက အရည်အချင်းနှင့် လုပ်ရည်ကိုင်ရည်ပေါ် မူတည်ပြီး ပညာသင်စရိတ်များ၊ အချိန်ပိုင်းနှင့် အချိန်ပြည့် အလုပ် အကိုင် အခွင့်အလမ်းများ၊ ဟိုတယ်အခန်းသုံး ပစ္စည်းများကို သင်ထောက်ကူ ပစ္စည်းများအဖြစ် အခမဲ့ပံ့ပိုး ခြင်းများအပြင် ဟိုတယ်ရှိ ဝန်ထမ်းများသည် သင်တန်းကျောင်း၏ အကူနည်းပြများအဖြစ် ပူးပေါင်းပါဝင်၍ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၏ ဗဟုသုတနှင့် တတ်ကျွမ်းသည်များကို မျှဝေရင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကာလမှာ ၂ လ မှ ၆လအထိ ကြာမြင့်မည်ဖြစ်ပြီး အဆိုပါ သင်တန်းများသည် ခြောက်လတစ်ခါ ဖွင့်လှစ်သော သင်တန်းဖြစ်သောကြောင့် တက်ရောက်လို သူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်း တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။


Leave a Reply