ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများအတွက် ဂျပန်က ကန်ဒေါ်လာ ၃၁ သန်းကျော်လှူဒါန်း

13081804_1136480829709399_320826700_n

မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများအတွက် ဂျပန်အစိုးရကကုလ သမဂ္ဂအဖွဲ့အစည်းများအား အမေရိကန် ဒေါ်လာ ၃၁ သန်းကျော် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ ကုလသတင်းထုတ်ပြန်ချက် အရဂျပန်အစိုးရလှူဒါန်းငွေကို ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် အဓိကသုံးစွဲ မည်ဖြစ်သည်။ ဂျပန်အစိုးရက ကုလအဖွဲ့ အစည်းလေးခုဖြစ်သည့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့ (FAO) ၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးများရုံး (UNHCR)၊ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ကုလသမဂ္ဂ မြို့ရွာနှင့်အိုးအိမ် ပြန်လည် ထူထောင်ရေးအစီအစဉ် (UN- Habitat) တို့ထံ ယန်း ငွေ ၃ ဒသမ ၇၆ ဘီလီယံ (ကန် ဒေါ်လာ ၃၁ဒသမ ၇သန်း) ခန့်ထည့်ဝင်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း မေလ ၃ ရက်စွဲဖြင့် ကုလသမဂ္ဂ က သတင်းထုတ်ပြန် သည်။

ဂျပန်အစိုးရ လှူဒါန်းငွေများ အနက် ဒေါ်လာ ၄ ဒသမ ၅ သန်း ကို FAO က ပဋိပက္ခများနှင့် ရေဘေးဒဏ်သင့် ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် ထူထောင်ရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အသုံးပြုမည် ဖြစ်သည်။ UN-Habitat အနေဖြင့်ဒေါ် လာ ၅ ဒသမ ၁ သန်း လက်ခံရရှိခဲ့ ပြီး ချင်းပြည်နယ် ဟားခါး၊တီးတိန်၊ ဖလမ်းနှင့် ထန်တလန်မြို့နယ် များရှိ ကျေးရွာပေါင်း နှစ်ရာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်မည်ဟု ဆိုသည်။ UNHCR က ရရှိသည့် ဂျပန် အစိုးရလှူဒါန်းငွေ ဒေါ်လာ ၃ ဒသမ ၁ သန်းကို ရခိုင်ပြည်နယ်ရှိ ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများနှင့်တကွ နိုင်ငံတစ်ဝန်းရှိ နိုင်ငံသားအဖြစ်သို့   မရောက်ရှိ သေးသူများအတွက်   လိုအပ်ချက်များဖြည့် ဆည်းဆောင်ရွက်ပေးနေသော မြန်မာအစိုးရလုပ်ငန်း ဆောင်ရွက်မှုများတွင် ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

‘‘ယခုလက်ရှိ လှူဒါန်းမှုကို ပြည်တွင်းနေရပ်စွန့်ခွာ    ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အလိုအပ်ဆုံးနဲ့ အခြေခံအကျဆုံးလို အပ်ချက်တွေကို ဖြည့်ဆည်း ဆောင်ရွက်ပေးမှာ ဖြစ်ပြီး တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံအစိုးရနဲ့ အတူ ဒုက္ခသည်တွေရဲ့ အတိဒုက္ခ ခံစားနေရတာတွေကို ရေရှည်ပြေလည်နိုင်စေဖို့ အဖြေရှာဆောင် ရွက်နေတာကို ဆက်လက် လုပ် ဆောင်မှာဖြစ်ပါတယ်’’ ဟု ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီးရုံးကိုယ်စားလှယ် Gius- eppe de Vincentiis က ပြောသည်။ ဂျပန် အစိုးရက WFP သို့ ဒေါ်လာ ၁၉ သန်း လှူဒါန်းခဲ့ပြီး လှူဒါန်းငွေကို ရခိုင်နှင့် ချင်းပြည် နယ်ရှိ မြို့နယ်ပေါင်း ၂၀ တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် မည်ဖြစ်ကြောင်း ကုလက သတင်းထုတ်ပြန်သည်။


Leave a Reply