ပညာရေးဝန်ထမ်းများ၏ လစာငွေ မဖြတ်တောက်ရန်နှင့် ကျောင်းသားများထံမှ ငွေကြေးမကောက်ခံရန် ညွှန်ကြားချက်ထုတ်ပြန်

13081804_1136480829709399_320826700_n

အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ဆရာမများနှင့်ဝန်ထမ်းများ၏ လစာမှ ငွေကြေးဖြတ် တောက်ခြင်း၊ ကျောင်းသားများ ထံမှ ငွေကြေးေ ကာက်ခံခြင်းများ လုံးဝမပြုလုပ်ရန် အခြေခံ ပညာဦးစီးဌာနက ညွှန်ကြားချက်ထုတ် ပြန်ကြောင်း သတင်းရရှိသည်။ အဆိုပါ ညွှန်ကြားချက်ကို အခြေခံပညာ ဦးစီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေး မှူးရုံးများသို့ ဧပြီ ၂ ရက်စွဲဖြင့် ညွှန်ကြား ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အခြေခံပညာဦးစီးဌာနလက် အောက်ရှိ အခြေခံပညာကျောင်း များတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများ၊ ဆရာ၊ ဆရာမ ၀န်ထမ်းများ၏ လစာငွေ မှ မည်သည့် အကြောင်းကိစ္စဖြစ်စေ ငွေကြေြး ဖတ်တောက်ခြင်း လုံးဝ(လုံးဝ)မပြုလုပ်ရန်၊ကျောင်း အပ်နှံရေး ဆောင်ရွက် နေချိန်နှင့် သာမန်အချိန်များတွင် မည်သည့် အကြောင်းကိစ္စကြောင့် ဖြစ်စေ ငွေကြေးကောက်ခံခြင်း မပြုလုပ်ရန်၊ ကျောင်းဘက်တံဆိပ်၊ ရင်ထိုးတံဆိပ်များ၊ ဗလာစာအုပ်၊ စာရေးကိရိယာ၊ CET အခန်းဆုံး စစ်ဆေးခြင်း စာအုပ်များရောင်းချခြင်း၊ တံမြက်စည်း၊ သောက်ရေအိုး၊ သန့်ရှင်းရေးကြေးစသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးပြပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများထံမှ ငွေကြေးကောက်ခံခြင်း၊ အလှူခံခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန် အဆိုပါညွှန်ကြားချက်တွင် ဖော်ပြထားသည်။ ‘‘ဆရာတွေနဲ့ ၀န်ထမ်းတွေရဲ့ လစာတွေကို မဖြတ်တောက်ဖို့ နဲ့ ကျောင်းသားတွေဆီကငွေကြေး ကောက်ခံခြင်း မပြုလုပ်ရဘူးလို့ စာထုတ်ထားတာပါ။ လစာဖြတ်တာ၊ ငွေကောက်တာရှိခဲ့ရင် အတိအကျတိုင်စေချင်တယ်။ ဟုတ်တယ်ဆိုရင် အရေးယူသွားမယ်’’ ဟု အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးကပြောသည်။  ငွေကြေးကောက်ခံမှုများသည် သူငယ်တန်း၊ ပဉ္စမတန်းနှင့် န၀မတန်း ကျောင်းသားများ ကျောင်းဝင်ခွင့် လျှောက်ထားရာ တွင် နှစ်စဉ် အများစု ဖြစ်ပေါ်လေ့ ရှိကြောင်း၎င်းကပြောသည်။ အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမနှင့် ၀န်ထမ်းများ၏ လစာငွေများထဲမှ ငွေကြေးဖြတ် တောက်မှုများသည် မတ်လအထိ ဖြတ်တောက်ခံနေရဆဲ ဖြစ်ကြောင်း အခြေခံပညာဆရာ၊ ဆရာမများကဆိုသည်။ ‘‘အခုထိ လစာဖြတ်နေတုန်းပဲ။ ပုံမှန်လို ဖြစ်နေပြီ’’ဟု ဧရာဝတီ တိုင်းဒေသကြီးမှ မူလတန်းပြ ဆရာမတစ်ဦးကပြောသည်။ အခြေခံပညာကျောင်းများ တွင် ကျောင်းအပ်နှံရေး သီတင်း ပတ်အဖြစ် မေလကုန်ခါနီး၌ လက်ခံလေ့ရှိပြီး ဇွန်လ ၁ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ၂၀၁၅-၁၆ ပညာသင်နှစ်မှစ၍ အထက်တန်းအဆင့်အထိ အခမဲ့ပညာရေးစနစ်အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ကျောင်းအပ်နှံရာတွင် ငွေကြေးပေးသွင်းရန် မလိုအပ်ဘဲ မူလတန်းအထိ ကျောင်းသား များ အားကျောင်းဝတ်စုံတစ်စုံ၊ ပုံနှိပ် စာအုပ်နှင့် ဗလာစာအုပ်ခြောက် အုပ်၊  အလယ်တန်းနှင့် အထက် တန်း ကျောင်းသားများအား ပုံနှိပ် စာအုပ်များ အခမဲ့ရရှိမည်ဖြစ်သည်။


Leave a Reply