မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဖုန်းအော်ပရေတာသစ် မေလကုန်တွင် လုပ်ငန်းစတင်လည်ပတ်မည်

13081804_1136480829709399_320826700_n

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် တယ်လီဖုန်း အော်ပရေတာ ဖြစ်လာမည့် ဗီယက်နမ် အခြေစိုက် Viettel Global သည် မေလကုန်တွင် လုပ်ငန်းများ စတင် လည်ပတ်မည်ဟု သိရသည်။ ပြည်တွင်းကုမ္ပဏီ တစ်ခုနှင့် အကျိုးတူ ပူးပေါင်းပြီးနောက် Viettel သည် အမ်ပီတီ၊ အူရီးဒူး၊ တယ်လီနောတို့နောက် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် စတုတ္ထမြောက် ကုမ္ပဏီအဖြစ် လုပ်ကိုင်ခွင့် ရရှိလာခဲ့သည်။ Viettel သည် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတန်ဖိုးရှိသည့် ပြည်တွင်းဆက်သွယ်ရေး စီမံကိန်းများ အတွက် ဖြစ်နိုင်ခြေများ လေ့လာဆန်းစစ်မှု ပြုလုပ်နေသည်။ သဘောတူညီမှုအရ အဆိုပါ အော်ပရေတာသစ် လုပ်ကိုင်ခွင့်အနက် ရှယ်ယာ ၄၉ ရာခိုင် နှုန်းကို Viettel က ပိုင်ဆိုင်ပြီး ကုမ္ပ ဏီပေါင်း ၁၁ ခု စုပေါင်းဖွဲ့စည်း ထားသည့် ပြည်တွင်းအကျိုးတူ လုပ်ငန်းက ရှယ်ယာ ၂၃ ရာခိုင် နှုန်းကို ထိန်းချုပ်ထားမည် ဖြစ် သည်။ အစိုးရပိုင် Star Hight Public Co., Ltd. က ရှယ်ယာ ၂၈ ရာခိုင်နှုန်း ခွဲဝေယူထားမည်ဟု သိရသည်။ Star Hight Public၏ မိခင်ကုမ္ပဏီကြီးဖြစ်သော မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) သည် CDMA 800MHz ဖုန်း များအတွက် အော်ပရေတာဖြစ်သော MecTel ကိုလည်း ထူထောင်ထားသည်။ ပြည်တွင်းအကျိုးတူ လုပ်ငန်းစု၏ ကုမ္ပဏီများအနက် တစ်ခု ဖြစ်သည့် Myanmar Technolo-gies and Investment Corpo-ration မှ ဒါရိုက်တာ အဖွဲ့ဝင်ဦးဇော်မင်းဦးက Viettel နှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများ စတင်လည်ပတ် သည်နှင့် ဈေးကွက်ဝေစု အများစုကို ခွဲယူနိုင် ရန် ကြိုးစားမည်ဟု ပြောကြားခဲ့သည်။ လတ်တလောတွင် Star Hight က စိုက်ထူထားပြီးဖြစ်သည့် CDMA ဖုန်းတာဝါတိုင်များကို အ သုံးပြုမည်ဖြစ်ပြီး လက်ရှိစိုက် ထူပြီး အခြားအော်ပရေတာများ အသုံးပြုနေသည့် ဖုန်းတာဝါ တိုင်များကိုပါ ဆင့်ပွားအသုံးချနိုင်ရန် Viettel က ရည်ရွယ်ထားသည်။ CDMA တာဝါတိုင်များကို အသုံးချခြင်းဖြင့် ဖုန်းတာဝါတိုင် နေရာရှာရန် အခက်အခဲကို ရှောင် ရှားနိုင်မည်ဖြစ်သကဲ့သို့ ဖုန်းတာ ဝါတိုင် စိုက်ထူမှု တာဝန်ယူသည့် ကုမ္ပဏီများနှင့် ညှိနှိုင်းကာ လက် ရှိတိုင်များကို အသုံးပြုနိုင်ရန် စီစဉ် ထားကြောင်း ဦးဇော်မင်းဦးက ဆိုသည်။ မြန်မာနိုင်ငံတွင် လက်ရှိ၌ ဆက်သွယ်ရေး တာဝါတိုင် စုစု ပေါင်း ၄,၀၀၀ မျှ ရှိနေသည်။ ဦးဇော်မင်းဦး၏ အဆိုအရ မြန်မာနိုင်ငံတွင် ဖုန်းအော်ပရေတာများ အဓိက ကြုံရသည့် အခက်အခဲ တစ်ခုမှာ တာဝါတိုင်များ စိုက်ထူရန် မြေနေရာ ရွေးချယ်သည့် ကိစ္စဖြစ်သော်လည်း လို အပ်ပါက Star Hight Co., Ltd. ကို MecTelက အကူအညီပေးရန် သဘောတူညီထားကြောင်းလည်း သိရသည်။


Leave a Reply