ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်

ဟင်္သာတ မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းဖွင့်

နေပြည်တော် မတ် ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးပြုလုပ်သည့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ပုဗ္ဗသီရိမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

လိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲကျင်းပ

ရန်ကုန် မတ် ၂၅

ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး ၂ဝ ကျေးရွာအုပ်စု တို့မှရပ်ကွက်/ကျေးရွာပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ အား တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။

ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများ တာဝန်ပေးအပ်

ရှားတော မတ် ၂၅

ကယားပြည်နယ် လွိုင်ကော်ခရိုင် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက် ၁ဝ နာရီက ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ ကျေးရွာ အုပ်စုပါတီဥက္ကဋ္ဌများ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။ ပထမဦးစွာ တက်ရောက်လာကြသော ပါတီဝင်များက နိုင်ငံတော်အလံအား အလေးပြုပြီး အခမ်းအနားကို ဖွင့်လှစ်သည်။ ယင်းနောက် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင် သိန်းက အဖွင့်အမှာစကားပြော ကြားသည်။

ရန်ကုန် (အရှေ့ပိုင်း) ခရိုင်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးများနှင့်သက်ဆိုင်သည့် ဥပဒေရေးရာဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် မတ် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် (အရှေ့ပိုင်း) ခရိုင်ပါတီရုံးတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အမျိုးသမီးရေးရာဥပဒေသများ ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီက ခရိုင်ပါတီရုံး အစည်းအဝေးခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ရန်ကုန် (တောင်ပိုင်း) ခရိုင် တာဝန်ခံများနှင့် တွေ့ဆုံ

ရန်ကုန် မတ် ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်သည် ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး (တောင်ပိုင်း) ခရိုင် ပါတီရုံး၌ တောင်သူ လယ်သမားရေးရာတာဝန်ခံများနှင့် တွေ့ဆုံခဲ့သည်။ ၄င်းတွေ့ဆုံပွဲကို အစီအစဉ်ကိုးရပ်ဖြင့် ကျင်းပခဲ့ရာ ဗဟို အလုပ်အမှုဆောင် ဦးအောင်တင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း ဝေါမြို့၌ နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ တက်ရောက်

ဝေါ မတ် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ်၌ ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆာင် ပညာရေးရာဌာနကြီးတာဝန်ခံ ဦးလှသိန်းနှင့် ပဲခူးတိုင်းဒေသကြီးကော်မတီဝင် ဒေါ်ခင်ခင်ဝင်း၊ ပဲခူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ကော်မတီဝင် ဦးဝင်းခိုင်နှင့် ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်ယုနှင့် အတွင်းရေးမှူး ဦးသက်တိုးဝင်း၊ မြို့နယ် ကော်မတီဝင်များ၊ သင်တန်းဆရာများ၊ သင်တန်းသားသင်တန်းသူ ၅ဝ တို့ တက်ရောက်ခဲ့ကြသည်။

ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမ၌ ရှေ့ဦးသူနာပြုသင်တန်း ၁/၂၀၁၈ ဖွင့်လှစ်

 

၂၃ -၃-၂၀၁၅

ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံး၌ ရှေဦးသူနာပြုအခြေခံသင်တန်းအား ၂၃ -၃ -၂၀၁၈ ရက်နေ့ နံနက် ၉း၀၀ အချိန်၌ ဖွင့်လှစ်ရာ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီကော်မတီဝင် မြောက်ပိုင်းခရိုင်တာဝန်ခံ ဦးခင်မောင်တင့် ရန်ကုန်မြောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးမျိုးဇော် မြို့နယ်ပါတီဥက္ကဌဦးလင်းအောင်အောင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ မြို့နယ်ကြက်ခြေနီ တပ်ရင်းမှူး ဦးခင်မောင်ဝင်း နှင့် သင်တန်းသား သင်တန်းသူ ၃၀ ဦးတတ်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ ၂၃/၂၄/၂၅ ရက်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

မဘိမ်းပြည်ခိုင်ဖြိုးပါတီမှ ရပ်/ကျေးပါတီ ကော်မတီအဖွဲ့များ တွေ့ဆုံ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊မဘိမ်းမြို့နယ် ပြည်ခိုင်ဖြုးပါတီရုံးသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်နှင့် ပြည်နယ်ကော်မတီဝင် ဒေါက်တာမောင်တီ၊ မိုးမိတ်ခရိုင်ပါတီ ဥက္ကဌ ဦးစိုးမြင့် နှင့် ခရိုင်အတွင်းရေးမှူး ဦးမြင့်လှိုင်တို့အဖွဲ့သည်
ယနေ့ (၂၃-၃-၂၀၁၈)ရက်နေ့ နံနက် (၀၉း၃၀) နာရီ အချိန်တွင် ပါတီနာယကနှင့် အကြံပေးအဖွဲ့များ မြို့နယ်ပါတီ ကော်မတီဝင်များ ရပ်/ကျေးပါတီ ဥက္ကဌနှင့် ကော်မတီအဖွဲ့များအား လာရောက်တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေနှင့် စည်းရုံးရေးလုပ်ငန်း လူငယ်ရေးရာ၊ သတင်းမီဒီယာကိစ္စ ရပ်များကို ဆွေးနွေးညှိနှိုင်းမှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။