အကယ်ဒမီဆုပေးပွဲမှာ ဆုချီးမြှင့်သူအဖြစ်ပါဝင်ကြမယ့် ဒဝိန်းဂျွန်ဆင် နဲ့ အမ်မီလီ ဘလန့်

မတ်လ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ရုပ်ရှင်ထူးချွှန်ဆုပေးပွဲမှာ မင်းသား ဒဝိန်းဂျွန်ဆင် နဲ့ မင်းသမီး အမ်မီလီ ဘလန့် တို့ကို ဆုပေးအပ်ချီးမြှင့်သူတွေအဖြစ် မြင်တွေ့ရဖို့ ရှိနေပါတယ်။

ဆယ်မြူရယ်ဂျက်ဆင်၊ ဂျနီဖာကော်နယ်လီ ၊ ရစ်အာမက် ၊ ဂလင်းကလို့စ် ၊ ဂျွန်နသန်မေဂျားစ် စတဲ့နာမည်ကျော် တွေနဲ့ အခြားလူပုဂ္ဂိုလ်တွေကလည်း ဆုချီးမြှင့်ပေးဖို့ လူစာရင်းမှာ ပါဝင်ကြပါတယ်။

အိန္ဒိယရဲ့ဘရက်ပစ်အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ ဘိုင်ရာဗာမင်းသား ရာမ်ချာရန်

ဘိုင်ရာဗာမင်းသားလို့ မြန်မာပရိသတ်တွေ သိထားကြတဲ့ အိန္ဒိယမင်းသား ရာမ်ချာရန်ဟာ လော့စ်အိန်ဂျယ်လိစ်မြို့ကို ရောက်ရှိနေပြီး အဲ့ဒီမှာ မီဒီယာတွေနဲ့ တွေ့ဆုံနေပါတယ်။ အမေရိကန်သတင်းဌာန KTLA Entertainment ရဲ့အစီအစဉ်မှာ ပါဝင်စဉ်အတွင်း အစီအစဉ်တင်ဆက်သူက ရာမ်ချာရန်ကို အိန္ဒိယရဲ့ဘရက်ပစ်အဖြစ် ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။

SAG ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအာရှမင်းသမီးဖြစ်လာတဲ့ မီချဲယို

အက်ရှင်ဇာတ်ကားတွေနဲ့ လူသိများတဲ့ ထိပ်တန်းမင်းသမီးမီချဲယိုက နိုင်ငံတကာဆုပေးပွဲတွေမှာ အဓိကဆုတွေ တစ်ခုပြီးတစ်ခုဆွတ်ခူးနေပါတယ်။ တနင်္ဂနွေညက ပြုလုပ်တဲ့ Screen Actors Guild Awards မှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။ သူဟာ ဒီဆုကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံး အာရှမင်းသမီးဖြစ်လာခဲ့ပါတယ်။

အမှတ်တံဆိပ်ကိုယ်စားလှယ်အဖြစ် (၂) နှစ်ဆက်တိုက်တက်ခဲ့တဲ့ Red Velvet အဖွဲ့မှ Joy

တောင်ကိုရီးယား မိန်းကလေးအဆိုရှင် အဖွဲ့ Red Velvet မှာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Joy က အီတလီနိုင်ငံ က Milan Fashion Week မှာ အမှတ်တံဆိပ် ကိုယ်စားလှယ်အဖြစ်နဲ့ (၂) နှစ် ဆက်တိုက် တက်ရောက်ပြီး ပရိသတ်တွေကို ဖမ်းစားခဲ့ပါတယ်။

ကမ္ဘာလှည့်ဖျော်ဖြေနေသည့် Blackpink အဖွဲ့က လီဆာ၏မွေးရပ် ဘန်ကောက်တွင် ရှိုးပွဲနှစ်ခုထပ်တိုး

လီဆာ၏မွေးရပ်မြို့ ဘန်ကောက်တွင် Blackpink အဖွဲ့က ရှိုးပွဲနှစ်ခုထပ်တိုးထားကြောင်း YG Entertainment အေဂျင်စီက ကြေညာထားသည်။ လက်ရှိ Blackpink က အာရှတွင်လှည့်လည်ဖျော်ဖြေလျက်ရှိပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မေ ၂၇-၂၈ ရက်များ၌ ထပ်မံဖျော်ဖြေပေးမည်ဖြစ်သည်။

Born Pink ကမ္ဘာလှည့်ဖျော်ဖြေမှုတစ် စိတ်တစ်ပိုင်းအဖြစ် ၎င်းအဖွဲ့က ဘန်ကောက်တွင် ဇန်နဝါရီလက ဖျော်ဖြေပြီးပြီဖြစ်ပြီး ထို စဉ်က ဇာတိမြို့မှပရိသတ်များနှင့် ပြန်ဆုံမည်ဟု အဖွဲ့ဝင်လီဆာက ကတိပေးခဲ့သည်။

ဆေးရုံတက်နေတဲ့ နာမကျန်းကလေးတွေဆီ လာရောက်ပြီး သီချင်းဆိုပြခဲ့တဲ့ အက်ဒ်ရှီရန်

“Shape of You” သီချင်းအဆိုရှင် အက်ဒ်ရှီရန်ဟာ ဩစတြေးလျကလေးဆေးရုံကို တနင်္ဂနွေနေ့က လာရောက်ပြီး နာမကျန်းဖြစ်နေတဲ့ ကလေးတွေရဲ့တစ်နေ့တာကို တောက်ပသွားစေခဲ့ပါတယ်။ သူက ကလေးတွေကို ဂစ်တာတီးပြီး သီချင်းဆိုပြခဲ့တာပါ။

BLACKPINK အဖွဲ့ဝင် Jisoo တစ်ကိုယ်တော်သီချင်းအတွက် ရိုက်ကူးမှုစတင်

BLACKPINK အဖွဲ့ဝင် Jisoo က သူ့ရဲ့ တစ်ကိုယ်တော် သီချင်းဂီတဗီဒီယိုအတွက် နိုင်ငံရပ်ခြားမှာ ရိုက်ကူးမှုတွေ စတင်နေပြီလို့ သူတို့ရဲ့ အေဂျင်စီ YG Entertainment က ပြောကြားပါတယ်။

ရိုက်ကူးရေးနေရာတွေကို အထူးလျှို့ဝှက်ထားပြီး သူတို့အနေနဲ့ BLACKPINK အဖွဲ့ရဲ့ ဗီဒီယိုတွေကို ငွေကြေး ပုံအော သုံးစွဲလေ့ရှိတာကြောင့် Jisoo ရဲ့ ဗီဒီယိုကိုလည်း စောင့်ကြည့်နေသင့်ကြောင်း အေဂျင်စီ က ဆက်ပြောပါတယ်။

Psy ရဲ့ “Gangnam Style” သီချင်းကို ကြည့်ရူသူ ၄ ဒသမ ၇ ဘီလီယံ ကျော်လွန်သွား

Psy ရဲ့ နာမည်ကျော် Gangnam Style က ကမ္ဘာတစ်ဝန်းမှာ ကြည့်ရူသူများပြားနေဆဲ ဖြစ်ကာ ပရိသတ်တွေက အကြိုက်တွေ့နေကြဆဲဖြစ်ပါတယ်။

အဲဒီ သီချင်း ဂီတဗီဒီယိုကို ယူကျူဘ်ပေါ်မှာ ကြည့်ရူသူ ၄ ဒသမ ၇ ဘီလီယံ ကျော်လွန်သွားပြီး ဖြစ်ကြောင်း သူ့ရဲ့ ကုမ္ပဏီ P NATION က ဖေဖော်ဝါရီ ၁၉ ရက်က ကြေညာခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံးအနုပညာရှင် ၁၀ ဦးကို Forbes မဂ္ဂဇင်းထုတ်ပြန်

Forbes မဂ္ဂဇင်းကကြေညာသည့် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အနုပညာရှင် ၁၀ ဦးစာရင်းတွင် အမျိုးသမီးအနုပညာရှင်က တေလာဆွစ်တစ်ဦးတည်းသာ ပါဝင်သည်။

စာရင်း၏နံပါတ်(၁၀)နေရာတွင်ရှိသူက ဝင်ငွေအမေရိကန်ဒေါ်လာ ၈၈ သန်းရခဲ့သည့်  ပွာတိုရီကိုရက်ပ်အဆိုတော် ဘတ်ဘန်နီဖြစ်ပြီး တေလာဆွစ်က ဒေါ်လာ ၉၂ သန်းဝင်ငွေဖြင့်  နံပါတ်(၉)နေရာတွင်ရပ်တည်နေသည်။ Midnights အယ်လ်ဘမ်အောင်မြင်ခဲ့သော်လည်း ၂၀၂၂ ဝင်ငွေအများစုက ယခင်နှစ်များ တွင်ထွက်ခဲ့သည့် သီချင်းများမှ ရခဲ့ခြင်းဖြစ်သည်။ ဆွစ်သည် ဝင်ငွေအကောင်းဆုံး အနုပညာရှင်စာရင်းတွင် ခြောက်ကြိမ်ပါခဲ့ပြီးဖြစ်ကာ ၂၀၁၉ ခုနှစ်တွင် စာရင်းထိပ်ဆုံးမှရှိနေခဲ့သည်။

ချစ်သူဟောင်း ပီကေးအကြောင်းသီဆိုထားသည့် ရှကီယာ၏ သီချင်းအသစ် YouTube တွင် ကြည့်ရှုသူစံချိန်တင်

ချစ်သူဟောင်း ပီကေးက ၎င်းအပေါ် ဖောက်ပြန်သည့်အကြောင်း ရေးသားသီဆိုထားသည့် ရှကီယာ၏ သီချင်းအသစ် သည် YouTube တွင် စံချိန်တင်ခဲ့သည်ဟု သိရသည်။ Out of Your league တေးသီချင်းဗီ ဒီယိုသည် ၂၄ နာရီအတွင်း ကြည့်ရှုမှုအကြိမ်ရေပေါင်း ၆၃ သန်းကျော်ရှိပြီး ယင်းသည်လက်တင်တေးသီချင်းတစ်ပုဒ်အတွက် ထိုအချိန်ကာလ အတွင်း ကြည့်ရှုမှုအများဆုံး ဖြစ်လာခဲ့သည်။ အသက် ၄၅ နှစ်အရွယ် ရှကီယာနှင့်အသက် ၃၅ နှစ်အရွယ် ဘာစီလိုနာဘောလုံး ကစားသမားဟောင်း ပီကေးတို့သည် ၁၀ နှစ် ကျော်ကြာ တွဲခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် လမ်းခွဲခဲ့ကြသည်။ ၎င်းတို့စုံတွဲတွင် ကလေး နှစ်ဦးလည်းရှိသည်။