လက္ကမ္းစာေစာင္နဲ႔ ေလာ္စပီကာ ဝါဒျဖန႔္မႈေတြအတြက္ တုန႔္ျပန္မႈအသစ္ ရင္ဆိုင္ရမယ္လို႔ ေတာင္ကိုရီးယားကို ကင္ဂ်ဳံအန္ရဲ့ ညီမ သတိေပး

တင္းမာမႈေတြေပၚေပါက္ေနစဥ္ ေလာ္စပီကာ ထုတ္လႊင့္မႈေတြ၊ လက္ကမ္းစာေစာင္ ပို႔လႊတ္မႈေတြ ေတာင္ပိုင္းက ဆက္လုပ္ေနဦးမယ္ဆိုရင္ ေတာင္ကိုရီးယားဟာ တုန႔္ျပန္မႈအသစ္ေတြ ရင္ဆိုင္ရမွာျဖစ္တယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ရဲ့ ၾသဇာႀကီး ညီမျဖစ္သူက သတိေပးလိုက္ပါတယ္။
“ကိုရီးယားသမၼတနိုင္ငံ(ROK) က လက္ကမ္းစာေစာင္ ပို႔လႊတ္ၾကဲျဖန႔္တာေတြ၊ ေလာ္စပီကာ ထုတ္လႊင့္တာေတြ နယ္စပ္မွာ တၿပိဳင္နက္လုပ္လာခဲ့မယ္ဆိုရင္ ဒီမိုကရက္တစ္ ကိုရီးယားျပည္သူ႔သမၼတနိုင္ငံ (DPRK) ရဲ့ တန္ျပန္ေဆာင္ရြက္ခ်က္သစ္ေတြ မ်က္ဝါးထင္ထင္ ၾကဳံေတြ႕ရမယ္ဆိုတာ သံသယမရွိပါနဲ႔”လို႔ ကင္ယိုဂ်ဳံက ေတာင္နဲ႔ ေျမာက္ကိုရီးယားတို႔ရဲ့ တရားဝင္အမည္ေတြကိုသုံးကာ ထုတ္ျပန္ခ်က္မွာ ေျပာဆိုခဲ့တယ္လို႔ KCNA သတင္း႒ာနက ေဖာ္ျပပါတယ္။
ေတာင္ကိုရီးယားဘက္ကို အမွိုက္ထုပ္ မိုးပ်ံပူေဖာင္းေတြ ပို႔လႊတ္ေနမႈ ရပ္တန႔္ဖို႔ သတိေပးေတာင္းဆိုတာေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ တနဂၤေႏြေန႔မွာ ေျမာက္ပိုင္းကို မ်က္ႏွာမူၿပီး ေလာ္စပီကာ ထုတ္လႊင့္တာေတြ ျပန္လုပ္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ေျပာဆိုပါတယ္။
“ဒီလုပ္ရပ္က အရမ္းအႏၲရာယ္မ်ားတဲ့ အေျခအေနတစ္ရပ္ရဲ့ နိမိတ္ပုံတစ္ခုပါ” လို႔ အာဏာရ အလုပ္သမားပါတီရဲ့ ဒု႒ာန ညႊန္ၾကားေရးမႉးျဖစ္သူ ကင္က ေတာင္ပိုင္းရဲ့ ေလာ္စပီကာ ထုတ္လႊင့္ခ်က္ေတြကို ရည္ညႊန္းၿပီး ေျပာဆိုခဲ့ပါတယ္။
ေျမာက္ကိုရီးယားဟာ အမွိုက္ထုပ္ေတြ ခ်ိတ္ဆြဲထားတဲ့ မိုးပ်ံပူေဖာင္း ၃၃၀ ခန႔္ကို စေနေန႔မွာ ျပန္စလႊတ္တင္ခဲ့ၿပီးေနာက္ စိတ္ဓါတ္ေရးရာ စစ္ပြဲပုံစံတစ္ခုအျဖစ္ ေလာ္စပီကာထုတ္လႊင့္တာေတြ ျပန္လုပ္ဖို႔ ဆုံးျဖတ္ခဲ့ေၾကာင္းနဲ႔ မိုးပ်ံပူေဖာင္း ၈၀ ခန႔္ မိမိတို႔ နယ္နိမိတ္အတြင္း က်ေရာက္ခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္က ေျပာဆိုပါတယ္။
ျပဳံယမ္းဟာ နယ္စပ္ျဖတ္ေက်ာ္ မိုးပ်ံပူေဖာင္း ပို႔လႊတ္မႈေတြကို ေမလအတြင္းက စတင္ခဲ့တာျဖစ္ၿပီး ဒါဟာ ေတာင္ကိုရီးယား တက္ႂကြလုပ္ရွားသူေတြရဲ့ ေျမာက္ပိုင္းဆန႔္က်င္ ဝါဒျဖန႔္အစီအမံတစ္ရပ္ျဖစ္တဲ့ လက္ကမ္းစာေစာင္ပို႔လႊတ္တာေတြကို လက္တုန႔္ျပန္ေဆာင္ရြက္ျခင္း ျဖစ္တယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။
ေျမာက္ကိုရီးယားဟာ မိုးပ်ံပူေဖာင္းေတြနဲ႔ လက္ကမ္းစာေစာင္ၾကဲျဖန႔္မႈေတြ၊ ေလာ္စပီကာ ထုတ္လႊင့္မႈေတြအေပၚ ေဒါသတႀကီး တုန႔္ျပန္မႈအခ်ိဳ႕ လုပ္ေဆာင္ခဲ့ဖူးၿပီး မိုးပ်ံပူေဖာင္းေတြနဲ႔ ေလာ္စပီကာေတြကို လက္နက္ေတြနဲ႔ ပစ္ခတ္ခဲ့တဲ့ ျဖစ္စဥ္မ်ိဳးေတြ ရွိခဲ့ဖူးေၾကာင္း သိရပါတယ္။
Ref: Reuters

=======

လက်ကမ်းစာစောင်နဲ့ လော်စပီကာ ဝါဒဖြန့်မှုတွေအတွက် တုန့်ပြန်မှုအသစ် ရင်ဆိုင်ရမယ်လို့ တောင်ကိုရီးယားကို ကင်ဂျုံအန်ရဲ့ ညီမ သတိပေး

တင်းမာမှုတွေပေါ်ပေါက်နေစဉ် လော်စပီကာ ထုတ်လွှင့်မှုတွေ၊ လက်ကမ်းစာစောင် ပို့လွှတ်မှုတွေ တောင်ပိုင်းက ဆက်လုပ်နေဦးမယ်ဆိုရင် တောင်ကိုရီးယားဟာ တုန့်ပြန်မှုအသစ်တွေ ရင်ဆိုင်ရမှာဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ သြဇာကြီး ညီမဖြစ်သူက သတိပေးလိုက်ပါတယ်။
“ကိုရီးယားသမ္မတနိုင်ငံ(ROK) က လက်ကမ်းစာစောင် ပို့လွှတ်ကြဲဖြန့်တာတွေ၊ လော်စပီကာ ထုတ်လွှင့်တာတွေ နယ်စပ်မှာ တပြိုင်နက်လုပ်လာခဲ့မယ်ဆိုရင် ဒီမိုကရက်တစ် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ (DPRK) ရဲ့ တန်ပြန်ဆောင်ရွက်ချက်သစ်တွေ မျက်ဝါးထင်ထင် ကြုံတွေ့ရမယ်ဆိုတာ သံသယမရှိပါနဲ့”လို့ ကင်ယိုဂျုံက တောင်နဲ့ မြောက်ကိုရီးယားတို့ရဲ့ တရားဝင်အမည်တွေကိုသုံးကာ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့တယ်လို့ KCNA သတင်းဋ္ဌာနက ဖော်ပြပါတယ်။
တောင်ကိုရီးယားဘက်ကို အမှိုက်ထုပ် မိုးပျံပူဖောင်းတွေ ပို့လွှတ်နေမှု ရပ်တန့်ဖို့ သတိပေးတောင်းဆိုတာတွေ လုပ်ဆောင်ခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ မြောက်ပိုင်းကို မျက်နှာမူပြီး လော်စပီကာ ထုတ်လွှင့်တာတွေ ပြန်လုပ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောဆိုပါတယ်။
“ဒီလုပ်ရပ်က အရမ်းအန္တရာယ်များတဲ့ အခြေအနေတစ်ရပ်ရဲ့ နိမိတ်ပုံတစ်ခုပါ” လို့ အာဏာရ အလုပ်သမားပါတီရဲ့ ဒုဋ္ဌာန ညွှန်ကြားရေးမှူးဖြစ်သူ ကင်က တောင်ပိုင်းရဲ့ လော်စပီကာ ထုတ်လွှင့်ချက်တွေကို ရည်ညွှန်းပြီး ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ အမှိုက်ထုပ်တွေ ချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်း ၃၃၀ ခန့်ကို စနေနေ့မှာ ပြန်စလွှတ်တင်ခဲ့ပြီးနောက် စိတ်ဓါတ်ရေးရာ စစ်ပွဲပုံစံတစ်ခုအဖြစ် လော်စပီကာထုတ်လွှင့်တာတွေ ပြန်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်းနဲ့ မိုးပျံပူဖောင်း ၈၀ ခန့် မိမိတို့ နယ်နိမိတ်အတွင်း ကျရောက်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောဆိုပါတယ်။
ပြုံယမ်းဟာ နယ်စပ်ဖြတ်ကျော် မိုးပျံပူဖောင်း ပို့လွှတ်မှုတွေကို မေလအတွင်းက စတင်ခဲ့တာဖြစ်ပြီး ဒါဟာ တောင်ကိုရီးယား တက်ကြွလုပ်ရှားသူတွေရဲ့ မြောက်ပိုင်းဆန့်ကျင် ဝါဒဖြန့်အစီအမံတစ်ရပ်ဖြစ်တဲ့ လက်ကမ်းစာစောင်ပို့လွှတ်တာတွေကို လက်တုန့်ပြန်ဆောင်ရွက်ခြင်း ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ မိုးပျံပူဖောင်းတွေနဲ့ လက်ကမ်းစာစောင်ကြဲဖြန့်မှုတွေ၊ လော်စပီကာ ထုတ်လွှင့်မှုတွေအပေါ် ဒေါသတကြီး တုန့်ပြန်မှုအချို့ လုပ်ဆောင်ခဲ့ဖူးပြီး မိုးပျံပူဖောင်းတွေနဲ့ လော်စပီကာတွေကို လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်မျိုးတွေ ရှိခဲ့ဖူးကြောင်း သိရပါတယ်။
Ref: Reuters