တတိယေျမာက္ ဝန္ႀကီးခ်ဳပ္သက္တမ္းအတြက္ မိုဒီ က်မ္းသစၥာဆို

အမတ္အမ်ားစုအနိုင္မရခဲ့တဲ့ ေရြးေကာက္ပြဲအၿပီး မိတ္ဖက္ညႊန႔္ေပါင္းပါတီေတြကို အားကိုး အားထားျပဳခဲ့ရတဲ့ နာရင္ျဒာမိုဒီဟာ တနဂၤေႏြေန႔မွာ အိႏၵိယနိုင္ငံရဲ့ရွားရွားပါးပါး တတိယအႀကိမ္ဆက္တိုက္သက္တမ္း ဝန္ႀကီးခ်ဳပ္အျဖစ္က်မ္းသစၥာဆိုခဲ့ပါတယ္။
နယူးေဒလီရွိ သမၼတနန္းေတာ္ Rashtrapati Bhavan မွာ သမၼတ Droupadi Murmu ကမကထျပဳၿပီး မိုဒီနဲ႔ သူ႔ရဲ့ ကက္ဘိနက္ဝန္ႀကီးေတြ က်မ္းက်ိန္ခဲ့ၾကပါတယ္။
လူႀကိဳက္မ်ားေပမယ့္ ႏွစ္ျခမ္းကြဲမႈရွိေနခဲ့တဲ့ ေခါင္းေဆာင္ဟာ ဂ်ဝါဟာလာ ေန႐ူးၿပီးရင္ ဝန္ႀကီးခ်ဳပ္ သက္တမ္းငါးႏွစ္ကို တတိယေျမာက္ဆက္တိုက္ရယူနိုင္ခဲ့တဲ့ အိႏၵိယရဲ့ ဒုတိယေျမာက္ ဝန္ႀကီးခ်ဳပ္ ျဖစ္လာခဲ့ပါတယ္။
သူ႔ရဲ့ ဟိႏၵဴအမ်ိဳးသားေရးပါတီ BJP ဟာ ၂၀၁၄ နဲ႔ ၂၀၁၉ ေရြးေကာက္ပြဲေတြမွာ ေသာင္ၿပိဳ ကမ္းၿပိဳ အနိုင္ရခဲ့ေပမယ့္လည္း အခုေနာက္ဆုံး ေရြးေကာက္ပြဲမွာေတာ့ ပါတီဟာ အစိုးရဖြဲ႕နိုင္မယ့္ လုံေလာက္ေသာ အမတ္အမ်ားစုေနရာ မရရွိခဲ့ပါဘူး။ သို႔ေပမယ့္ မိုဒီရဲ့ အမ်ိဳးသား ဒီမိုကရက္တစ္ မဟာမိတ္ ညႊန္ေပါင္းအေနနဲ႔ကေတာ့ အစိုးရဖြဲ႕နိုင္တဲ့ အမတ္ေနရာ ရရွိခဲ့တာျဖစ္ပါတယ္။
မိုဒီရဲ့ လက္ထက္ BJP ဟာ လႊတ္ေတာ္မွာ အမတ္အမ်ားစုေနရာကို ဆယ္စုႏွစ္တစ္ခုတိုင္ ထိန္းခ်ဳပ္ထားနိုင္ခဲ့တာျဖစ္ၿပီး ဒီတစ္ႀကိမ္မွာေတာ့ သူ႔လက္ထက္ ပထမဆုံးအႀကိမ္အျဖစ္ ၎ရဲ့ေဒသႏၲာရ မဟာမိတ္ပါတီေတြဆီက ေထာက္ခံပံ့ပိုးမႈ လိုအပ္ခဲ့တာျဖစ္ပါတယ္။
မိုဒီရဲ့ ညႊန္ေပါင္းအစိုးရအေနနဲ႔ အာဏာဆက္တည္ျမဲေနဖို႔ရာမွာ ယခုအခါ ေဒသတြင္း အဓိက မဟာမိတ္ႏွစ္ခုျဖစ္တဲ့ ေတာင္ပိုင္း အန္ဒရာ ပရာေဒ့ရွ္ျပည္နယ္မွ Telugu Desam ပါတီ၊ အေရွ႕ပိုင္း ဘီဟာျပည္နယ္မွ Janata Dal တို႔အေပၚ မ်ားစြာ အမွီျပဳရၿပီျဖစ္ပါတယ္။
တစ္ခ်ိန္တည္းမွာပဲ မိုဒီရဲ့ နိုင္ငံေရးၿပိဳင္ဘက္ ကြန္ဂရက္ပါတီဦးေဆာင္တဲ့ INDIA ညႊန႔္ေပါင္းအဖြဲ႕ဟာ ေရြးေကာက္ပြဲမွာ ေမၽွာ္လင့္ထားတာထက္ ပိုမိုၿပိဳင္ဆိုင္မူအားေကာင္းလာခဲ့ၿပီး စုစုေပါင္း အမတ္ေနရာ ၂၃၂ ေနရာ ရရွိခဲ့မႈနဲ႔အတူ သူတို႔ရဲ့ အင္အားကို ႏွစ္ဆျမႇင့္တင္နိုင္ခဲ့ၾကပါတယ္။
abc News

=========

တတိယမြောက် ဝန်ကြီးချုပ်သက်တမ်းအတွက် မိုဒီ ကျမ်းသစ္စာဆို

အမတ်အများစုအနိုင်မရခဲ့တဲ့ ရွေးကောက်ပွဲအပြီး မိတ်ဖက်ညွှန့်ပေါင်းပါတီတွေကို အားကိုး အားထားပြုခဲ့ရတဲ့ နာရင်ဒြာမိုဒီဟာ တနင်္ဂနွေနေ့မှာ အိန္ဒိယနိုင်ငံရဲ့ရှားရှားပါးပါး တတိယအကြိမ်ဆက်တိုက်သက်တမ်း ဝန်ကြီးချုပ်အဖြစ်ကျမ်းသစ္စာဆိုခဲ့ပါတယ်။
နယူးဒေလီရှိ သမ္မတနန်းတော် Rashtrapati Bhavan မှာ သမ္မတ Droupadi Murmu ကမကထပြုပြီး မိုဒီနဲ့ သူ့ရဲ့ ကက်ဘိနက်ဝန်ကြီးတွေ ကျမ်းကျိန်ခဲ့ကြပါတယ်။
လူကြိုက်များပေမယ့် နှစ်ခြမ်းကွဲမှုရှိနေခဲ့တဲ့ ခေါင်းဆောင်ဟာ ဂျဝါဟာလာ နေရူးပြီးရင် ဝန်ကြီးချုပ် သက်တမ်းငါးနှစ်ကို တတိယမြောက်ဆက်တိုက်ရယူနိုင်ခဲ့တဲ့ အိန္ဒိယရဲ့ ဒုတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP ဟာ ၂၀၁၄ နဲ့ ၂၀၁၉ ရွေးကောက်ပွဲတွေမှာ သောင်ပြို ကမ်းပြို အနိုင်ရခဲ့ပေမယ့်လည်း အခုနောက်ဆုံး ရွေးကောက်ပွဲမှာတော့ ပါတီဟာ အစိုးရဖွဲ့နိုင်မယ့် လုံလောက်သော အမတ်အများစုနေရာ မရရှိခဲ့ပါဘူး။ သို့ပေမယ့် မိုဒီရဲ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် ညွှန်ပေါင်းအနေနဲ့ကတော့ အစိုးရဖွဲ့နိုင်တဲ့ အမတ်နေရာ ရရှိခဲ့တာဖြစ်ပါတယ်။
မိုဒီရဲ့ လက်ထက် BJP ဟာ လွှတ်တော်မှာ အမတ်အများစုနေရာကို ဆယ်စုနှစ်တစ်ခုတိုင် ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ သူ့လက်ထက် ပထမဆုံးအကြိမ်အဖြစ် ၎င်းရဲ့ဒေသန္တာရ မဟာမိတ်ပါတီတွေဆီက ထောက်ခံပံ့ပိုးမှု လိုအပ်ခဲ့တာဖြစ်ပါတယ်။
မိုဒီရဲ့ ညွှန်ပေါင်းအစိုးရအနေနဲ့ အာဏာဆက်တည်မြဲနေဖို့ရာမှာ ယခုအခါ ဒေသတွင်း အဓိက မဟာမိတ်နှစ်ခုဖြစ်တဲ့ တောင်ပိုင်း အန်ဒရာ ပရာဒေ့ရှ်ပြည်နယ်မှ Telugu Desam ပါတီ၊ အရှေ့ပိုင်း ဘီဟာပြည်နယ်မှ Janata Dal တို့အပေါ် များစွာ အမှီပြုရပြီဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ မိုဒီရဲ့ နိုင်ငံရေးပြိုင်ဘက် ကွန်ဂရက်ပါတီဦးဆောင်တဲ့ INDIA ညွှန့်ပေါင်းအဖွဲ့ဟာ ရွေးကောက်ပွဲမှာ မျှော်လင့်ထားတာထက် ပိုမိုပြိုင်ဆိုင်မူအားကောင်းလာခဲ့ပြီး စုစုပေါင်း အမတ်နေရာ ၂၃၂ နေရာ ရရှိခဲ့မှုနဲ့အတူ သူတို့ရဲ့ အင်အားကို နှစ်ဆမြှင့်တင်နိုင်ခဲ့ကြပါတယ်။
abc News