ရန္ကုန္ၿမိဳ႕ ထိုင္းသံ႐ုံးမွာ ေရႊ႕ေျပာင္းလုပ္သားဗီဇာ ေလၽွာက္ထားနိုင္

 

ရန္ကုန္ၿမိဳ႕ရွိ၊ ထိုင္းသံ႐ုံးတြင္ ေရႊ႕ေျပာင္းလုပ္သား ဗီဇာ ေလၽွာက္ထားနိုင္ၿပီး Non-LA Visa မ်ားကို တစ္ေန႔ အေယာက္ (၄၀၀) ႏႈန္းျဖင့္ ေလၽွာက္ထားနိုင္ေၾကာင္း ရန္ကုန္၊ထိုင္းသံ႐ုံးမွ အသိေပးထားသည္။
MOU ကုမၸဏီမ်ား အေနျဖင့္ သံ႐ုံး website မွတဆင့္ ဘြတ္ကင္ယူၿပီးမွသာ ေလၽွာက္ထားနိုင္ၿပီး ဗီဇာေလၽွာက္ထားျခင္းလုပ္ငန္းစဥ္သည္ အစိုးရ ႐ုံးဖြင့္ရက္ (၃) ရက္ခန႔္ ၾကာျမင့္မည္ ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဗီဇာေလၽွာက္ထားရာတြင္ ေလၽွာက္ထားသူမ်ားသည္ ခ်မွတ္ထားေသာ စည္းမ်ဥ္းမ်ားအတိုင္း လိုက္နာေလၽွာက္ထားေစလိုေၾကာင္း အသိေပးထားသည္။
ေလၽွာက္ထားသူမ်ားအေနျဖင့္ သတိထားရန္ လိုအပ္သည့္အခ်က္မ်ားမွာသံ႐ုံး website မွတဆင့္ဘြတ္ကင္တင္ျခင္း၊ မိမိရရွိေသာရက္ခ်ိန္းအတိုင္း သံ႐ုံးသို႔ဗီဇာလာေရာက္ေလၽွာက္ထားရန္၊ ေလၽွာက္ထားဗီဇာရရွိၿပီးပါက မိမိကိုယ္ေရးကိုယ္တာ အခ်က္အလက္မ်ားအား ဗီဇာစာမ်က္ႏွာေပၚတြင္ မွန္မမွန္ေသခ်ာစစ္ေဆးရန္ႏွင့္ မွန္ကန္ေသာေလေၾကာင္းလက္ မွတ္ဝယ္ယူျခင္းျပဳလုပ္ရန္တို႔ျဖစ္ေၾကာင္း သိရသည္။
ေရႊ႕ေျပာင္းလုပ္သား (Non-LA Visa)သည္ ဗီဇာရရွိၿပီးခ်ိန္မွ ရက္ေပါင္း (၉၀) အတြင္းအက်ဳံးဝင္ေသာေၾကာင့္ MOU ကုမၸဏီမ်ားအေနျဖင့္ ထြက္ခြာရန္လိုအပ္ေသာ အျခားျပင္ဆင္မႈမ်ားကို ၎အခ်ိန္တြင္း ျပင္ဆင္နိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ထိုင္းနိုင္ငံ လူဝင္မႈႀကီးၾကပ္ေရးဌာနသည္ ေရႊ႕ေျပာင္းလုပ္သားဗီဇာမ်ားအားေနထိုင္ခြင့္ (၂) ႏွစ္ကို အခေၾကး ေငြထပ္မံေကာက္ခံျခင္းမရွိဘဲ စတင္ဝင္ေရာက္သည့္ေန႔မွစ၍ ခြင့္ျပဳေပးထားၿပီး မိမိ၏ လိုအပ္ခ်က္ႏွင့္ ေပါ့ေလ်ာ့မႈမ်ားေၾကာင့္ ျဖစ္ေပၚလာေသာ ေနာက္ဆက္တြဲျပသနာမ်ားအား သံ႐ုံးမွတာဝန္ယူေျဖရွင္းေပးမည္မဟုတ္ေၾကာင္း အ သိေပးထားသည္။

======

ရန်ကုန်မြို့ ထိုင်းသံရုံးမှာ ရွှေ့ပြောင်းလုပ်သားဗီဇာ လျှောက်ထားနိုင်

ရန်ကုန်မြို့ရှိ၊ ထိုင်းသံရုံးတွင် ရွှေ့ပြောင်းလုပ်သား ဗီဇာ လျှောက်ထားနိုင်ပြီး Non-LA Visa များကို တစ်နေ့ အယောက် (၄၀၀) နှုန်းဖြင့် လျှောက်ထားနိုင်ကြောင်း ရန်ကုန်၊ထိုင်းသံရုံးမှ အသိပေးထားသည်။
MOU ကုမ္ပဏီများ အနေဖြင့် သံရုံး website မှတဆင့် ဘွတ်ကင်ယူပြီးမှသာ လျှောက်ထားနိုင်ပြီး ဗီဇာလျှောက်ထားခြင်းလုပ်ငန်းစဉ်သည် အစိုးရ ရုံးဖွင့်ရက် (၃) ရက်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဗီဇာလျှောက်ထားရာတွင် လျှောက်ထားသူများသည် ချမှတ်ထားသော စည်းမျဉ်းများအတိုင်း လိုက်နာလျှောက်ထားစေလိုကြောင်း အသိပေးထားသည်။
လျှောက်ထားသူများအနေဖြင့် သတိထားရန် လိုအပ်သည့်အချက်များမှာသံရုံး website မှတဆင့်ဘွတ်ကင်တင်ခြင်း၊ မိမိရရှိသောရက်ချိန်းအတိုင်း သံရုံးသို့ဗီဇာလာရောက်လျှောက်ထားရန်၊ လျှောက်ထားဗီဇာရရှိပြီးပါက မိမိကိုယ်ရေးကိုယ်တာ အချက်အလက်များအား ဗီဇာစာမျက်နှာပေါ်တွင် မှန်မမှန်သေချာစစ်ဆေးရန်နှင့် မှန်ကန်သောလေကြောင်းလက် မှတ်ဝယ်ယူခြင်းပြုလုပ်ရန်တို့ဖြစ်ကြောင်း သိရသည်။
ရွှေ့ပြောင်းလုပ်သား (Non-LA Visa)သည် ဗီဇာရရှိပြီးချိန်မှ ရက်ပေါင်း (၉၀) အတွင်းအကျုံးဝင်သောကြောင့် MOU ကုမ္ပဏီများအနေဖြင့် ထွက်ခွာရန်လိုအပ်သော အခြားပြင်ဆင်မှုများကို ၎င်းအချိန်တွင်း ပြင်ဆင်နိုင်ကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနသည် ရွှေ့ပြောင်းလုပ်သားဗီဇာများအားနေထိုင်ခွင့် (၂) နှစ်ကို အခကြေး ငွေထပ်မံကောက်ခံခြင်းမရှိဘဲ စတင်ဝင်ရောက်သည့်နေ့မှစ၍ ခွင့်ပြုပေးထားပြီး မိမိ၏ လိုအပ်ချက်နှင့် ပေါ့လျော့မှုများကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲပြသနာများအား သံရုံးမှတာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း အ သိပေးထားသည်။