ဆေးတက္ကသိုလ်တက်ခွင့်ရသူများ အချိန်မီကျောင်းအပ်ရန်ကြေညာ

 (၂၀၂၂)ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်တွေနဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်တွေကို တက်ရောက် ခွင့်ရရှိသူတွေအနေနဲ့ အချိန်မီ ကျောင်းအပ်နှံဖို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။ အဲဒီသင်တန်းတွေကို နိုဝင်ဘာ(၂၁)ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်တာကြောင့် သက်ဆိုင်ရာတက္ကသိုလ် အသီးသီးမှာ နိုဝင် ဘာ(၈)ရက်နေ့ကစပြီး ကျောင်းအပ်နှံနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။

(၂၀၂၂)ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်ပြီး ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက် ရှိဆေးတက္က သိုလ်တွေနဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်တွေရဲ့ ပထမနှစ်သင်တန်းအသီးသီးကို တက်ရောက်ခွင့်ရရှိ သူတွေစာရင်းကို ကျန်းမာ ရေးဝန်ကြီးဌာနရဲ့ Website ၊ Facebook Page ၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ် ဦးစီးဌာနရဲ့ Website ၊ သက်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ ကြော်ငြာသင်ပုန်းနဲ့ Website တို့မှာ ထုတ်ပြန်ကြေညာ ထားပြီးဖြစ်တယ်လို့လည်း အဲဒီအသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။