၂၀၂၄ ခုႏွစ္ မိုးရာသီစိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား စတင္ထုတ္ေခ်းေနၿပီး ယခင္ေႂကြးက်န္ကင္းရွင္းမွသာ ေခ်းေငြအသစ္ ထုတ္ေခ်းခြင့္ရရွိမည္

၂၀၂၄ ခုႏွစ္ မိုးရာသီစိုက္ပ်ိဳးစရိတ္ ေခ်းေငြမ်ား စတင္ထုတ္ေခ်းေနၿပီး ယခင္ ေႂကြးက်န္ကင္းရွင္းမွသာ ေခ်းေငြအသစ္ထုတ္ေခ်းခြင့္ရရွိမည္ျဖစ္ေၾကာင္း ျမန္မာ့လယ္ယာဖြံ့ၿဖိဳးေရးဘဏ္က ထုတ္ျပန္ထားသည္။

စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျမန္မာ့လယ္ယာဖြံ့ၿဖိဳးေရးဘဏ္သည္ ျမန္မာနိုင္ငံတစ္ဝန္းလုံးရွိ ေတာင္သူဦးႀကီးမ်ားသို႔ စိုက္ပ်ိဳးစရိတ္အရင္းအႏွီးမ်ား ရရွိေစေရးအတြက္ စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားကို ႏွစ္စဥ္ ထုတ္ေခ်းေပးလ်က္ရွိသည္။ ေတာင္သူလယ္သမားႀကီးမ်ားကလည္း သီးႏွံေပၚခ်ိန္တြင္ ေခ်းေငြမ်ား အခ်ိန္မီျပန္လည္ေပးဆပ္ျခင္းျဖင့္ လယ္ယာက႑ဖြံ့ၿဖိဳးတိုးတက္ေရးအတြက္ ဘဏ္ႏွင့္ေတာင္သူမ်ားအၾကား ႏွစ္ဦးႏွစ္ဖက္ တာဝန္ေက်ပြန္စြာပူးေပါင္းေဆာင္ရြက္ခဲ့ၾကသည္။

စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားကို စိုက္ပ်ိဳးရာသီအလိုက္ ထုတ္ေခ်းေပးလ်က္ရွိရာ ေတာင္သူမ်ားအေနျဖင့္ ယခင္ေႂကြးက်န္ ကင္းရွင္းမွသာ ေခ်းေငြအသစ္ထုတ္ေခ်းခြင့္ ရရွိမည္ျဖစ္ၿပီး ျမန္မာ့လယ္ယာဖြံ့ၿဖိဳးေရးဘဏ္က ထုတ္ေခ်းေသာ အျခားႏွစ္တို၊ႏွစ္လတ္ေခ်းေငြမ်ားကိုလည္း သတ္မွတ္စည္း ကမ္းခ်က္မ်ားႏွင့္အညီ ထုတ္ေခ်းခြင့္ရရွိမည္ ျဖစ္သည္။

၂၀၂၄ မိုးရာသီစိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားအား ယခင္ေခ်းေငြအရင္း၊အတိုးမ်ားပါ ေျပေက်စြာေပးဆပ္ၿပီးသည့္ ေတာင္သူမ်ားသို႔ မိုးရာသီစိုက္ပ်ိဳးခ်ိန္အမီ ေမ ၂၀ ရက္မွ စတင္၍ ယခင္ႏွစ္နည္းတူ တစ္ႏွစ္လၽွင္ အတိုးႏႈန္း ငါးရာခိုင္ႏႈန္းျဖင့္ သက္ဆိုင္ရာခရိုင္ႏွင့္ ၿမိဳ႕နယ္ဘဏ္ခြဲမ်ားမွတစ္ဆင့္ ထုတ္ေခ်းေပးေနေၾကာင္း သိရသည္။

သို႔ျဖစ္ရာ ယခင္ေခ်းေငြမ်ားေျပေက်စြာေပးဆပ္ၿပီးသည့္ ေတာင္သူမ်ားအေနျဖင့္ ၂၀၂၄ မိုးရာသီစိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား အခ်ိန္မီရရွိနိုင္ေရးအတြက္ ျမန္မာ့လယ္ယာဖြံ့ၿဖိဳးေရးဘဏ္၊ သက္ဆိုင္ရာခရိုင္/ၿမိဳ႕နယ္ ဘဏ္ခြဲမ်ားႏွင့္ အျမန္ဆုံးဆက္သြယ္နိုင္ေၾကာင္း ျမန္မာ့လယ္ယာဖြ႕ံၿဖိဳးေရးဘဏ္က ထုတ္ျပန္ထားသည္။

ျမန္မာ့လယ္ယာဖြံ့ၿဖိဳးေရးဘဏ္သည္ လယ္ယာလုပ္ငန္းသုံးထြန္စက္ႀကီး၊ ရိတ္သိမ္း ေခၽြေလွ႕စက္၊ေထာ္လာဂ်ီ၊ လက္တြန္းထြန္စက္၊ ဆန္စက္၊ဆီစက္၊ စားေသာက္ကုန္ထုတ္လုပ္သည့္စက္မ်ား ဝယ္ယူရန္ႏွင့္ စက္႐ုံ၊ သို ေလွာင္႐ုံ၊ ဂိုေဒါင္တည္ေဆာက္ျခင္း၊ ျပဳျပင္မြမ္းမံျခင္းတို႔အတြက္ အရင္းအႏွီးလိုအပ္ခ်က္ ရွိသူေတာင္သူမ်ားသို႔ စိုက္ပ်ိဳးေရးႏွင့္ ေက်းလက္ေဒသဖြံ့ၿဖိဳးေရး ႏွစ္ဆင့္ေခ်းေငြမ်ားကို တစ္ႏွစ္လၽွင္အတိုးႏႈန္း ငါးရာခိုင္ႏႈန္းျဖင့္ ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း သိရသည္။

ေခ်းေငြရယူလိုေသာ ေတာင္သူမ်ားအေနျဖင့္ မိမိတို႔ႏွင့္နီးစပ္ရာ ျမန္မာ့လယ္ယာ ဖြံ့ၿဖိဳးေရးဘဏ္၊ ခရိုင္/ၿမိဳ႕နယ္ဘဏ္ခြဲမ်ားႏွင့္ ဆက္သြယ္၍ ေခ်းေငြအတြက္ တင္သြင္းရမည့္အာမခံႏွင့္ ေခ်းေငြဆိုင္ရာစည္းကမ္း သတ္မွတ္ခ်က္မ်ားအတိုင္း ေခ်းေငြေလၽွာက္ထားရျခင္းျဖစ္သည္။ Eleven

=======

၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးနေပြီး ယခင်ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်

၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေးနေပြီး ယခင် ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ်ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူဦးကြီးများသို့ စိုက်ပျိုးစရိတ်အရင်းအနှီးများ ရရှိစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ် ထုတ်ချေးပေးလျက်ရှိသည်။ တောင်သူလယ်သမားကြီးများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်နှင့်တောင်သူများအကြား နှစ်ဦးနှစ်ဖက် တာဝန်ကျေပွန်စွာပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ တောင်သူများအနေဖြင့် ယခင်ကြွေးကျန် ကင်းရှင်းမှသာ ချေးငွေအသစ်ထုတ်ချေးခွင့် ရရှိမည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးသော အခြားနှစ်တို၊နှစ်လတ်ချေးငွေများကိုလည်း သတ်မှတ်စည်း ကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိမည် ဖြစ်သည်။

၂၀၂၄ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေအရင်း၊အတိုးများပါ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူများသို့ မိုးရာသီစိုက်ပျိုးချိန်အမီ မေ ၂၀ ရက်မှ စတင်၍ ယခင်နှစ်နည်းတူ တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးပေးနေကြောင်း သိရသည်။

သို့ဖြစ်ရာ ယခင်ချေးငွေများပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူများအနေဖြင့် ၂၀၂၄ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာခရိုင်/မြို့နယ် ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်နိုင်ကြောင်း မြန်မာ့လယ်ယာဖွ့ံဖြိုးရေးဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် လယ်ယာလုပ်ငန်းသုံးထွန်စက်ကြီး၊ ရိတ်သိမ်း ချွေလှေ့စက်၊ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်သည့်စက်များ ဝယ်ယူရန်နှင့် စက်ရုံ၊ သို လှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့အတွက် အရင်းအနှီးလိုအပ်ချက် ရှိသူတောင်သူများသို့ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေများကို တစ်နှစ်လျှင်အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ချေးငွေရယူလိုသော တောင်သူများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်၍ ချေးငွေအတွက် တင်သွင်းရမည့်အာမခံနှင့် ချေးငွေဆိုင်ရာစည်းကမ်း သတ်မှတ်ချက်များအတိုင်း ချေးငွေလျှောက်ထားရခြင်းဖြစ်သည်။ Eleven