႐ုရွားႏွင့္ တ႐ုတ္တို႔သည္ ထာဝရညီအစ္ကိုမ်ားဟု ပူတင္ေျပာ

႐ုရွား-တ႐ုတ္ႏွစ္နိုင္ငံ သံတမန္ဆက္ဆံေရး ထူေထာင္ျခင္း ၇၅ ႏွစ္ေျမာက္ ယဥ္ေက်းမႈဖလွယ္ျခင္းႏွင့္ ကူးသန္းေရာင္းဝယ္ေရး ႏွစ္မ်ား စတင္ျခင္းအတြက္ ရည္ရြယ္သည့္ ေဖ်ာ္ေျဖပြဲ မတိုင္မီတြင္ ႏွစ္နိုင္ငံ ညီအစ္ကိုပမာ ရင္းရင္းႏွီးႏွီး အျပန္အလွန္ ဆက္ဆံမႈအေပၚ ယုံၾကည္မႈအျပည့္အ၀ရွိေၾကာင္း ႐ုရွားသမၼတ ဗလာဒီမာပူတင္က ေျပာၾကားခဲ့သည္။
႐ုရွားသမၼတ ဗလာဒီမာပူတင္သည္ ၁၉၄၀ ျပည့္လြန္ႏွစ္မ်ားကေခတ္စားခဲ့ေသာ သီခ်င္းတစ္ပုဒ္ကို ကိုးကား၍ ေမာ္စကိုႏွင့္ ေပက်င္းၾကား ဆက္ဆံေရးကို ေဖာ္ျပခဲ့သည္။
“ဒီပြဲကို ႏွစ္နိုင္ငံ သံတမန္ဆက္ဆံေရး ထူေထာင္တဲ့ ၇၅ ႏွစ္ေျမာက္ အထိမ္းအမွတ္အေနနဲ႔ ရည္စူးၿပီး သံတမန္ဆက္ဆံေရး စတင္ထူေထာင္တဲ့အခ်ိန္က ေက်ာ္ၾကားတဲ့ သီခ်င္းတစ္ပုဒ္ကို ကိုးကားခ်င္ပါတယ္။ လြန္ခဲ့တဲ့ ၇၅ ႏွစ္တုန္းက ဖန္တီးခဲ့တဲ့ သီခ်င္းပါ။ ဒါေပမယ့္ ဒီေန႔ေခတ္အထိကို မၾကာခဏ သီဆိုေလ့ရွိၾကပါတယ္။ အဲဒီထဲမွာ ေတာ္ေတာ္လူႀကိဳက္မ်ားတဲ့ စာသားတစ္ခုပါပါတယ္။ အဲဒီစာသားကေတာ့ ‘႐ုရွားနဲ႔ တ႐ုတ္ဟာ ထာဝရ ညီအကိုေတြ ျဖစ္တယ္’ ဆိုတဲ့ စာသားပါပဲ” ဟု ပူတင္က ေျပာၾကားခဲ့သည္။
“႐ုရွား-တ႐ုတ္ မိတ္ဖက္ဆက္ဆံေရးရဲ့ ညီရင္းအစ္ကို စိတ္ဓာတ္ကို ဆက္လက္ ခိုင္ျမဲေစမွာ ေသခ်ာပါတယ္” ဟု ႐ုရွားသမၼတက အေလးေပး ေျပာၾကားခဲ့သည္။
႐ုရွားသမၼတ၏ မိန႔္ခြန္းကို ေရွးဦးစြာနားေထာင္ၿပီးေနာက္ တ႐ုတ္ဘာသာျပန္ဆိုမႈကို ထပ္မံ ၾကားသိလိုက္ရေသာ ပရိသတ္မ်ားသည္ ႐ုရွားသမၼတ၏စကားကို ႏွစ္ႀကိမ္စလုံးပင္ ခ်ီးက်ဴးခဲ့ၾကသည္။ PopularNews

==========

ရုရှားနှင့် တရုတ်တို့သည် ထာဝရညီအစ်ကိုများဟု ပူတင်ပြော

ရုရှား-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ကူးသန်းရောင်းဝယ်ရေး နှစ်များ စတင်ခြင်းအတွက် ရည်ရွယ်သည့် ဖျော်ဖြေပွဲ မတိုင်မီတွင် နှစ်နိုင်ငံ ညီအစ်ကိုပမာ ရင်းရင်းနှီးနှီး အပြန်အလှန် ဆက်ဆံမှုအပေါ် ယုံကြည်မှုအပြည့်အ၀ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၁၉၄၀ ပြည့်လွန်နှစ်များကခေတ်စားခဲ့သော သီချင်းတစ်ပုဒ်ကို ကိုးကား၍ မော်စကိုနှင့် ပေကျင်းကြား ဆက်ဆံရေးကို ဖော်ပြခဲ့သည်။
“ဒီပွဲကို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်တဲ့ ၇၅ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ရည်စူးပြီး သံတမန်ဆက်ဆံရေး စတင်ထူထောင်တဲ့အချိန်က ကျော်ကြားတဲ့ သီချင်းတစ်ပုဒ်ကို ကိုးကားချင်ပါတယ်။ လွန်ခဲ့တဲ့ ၇၅ နှစ်တုန်းက ဖန်တီးခဲ့တဲ့ သီချင်းပါ။ ဒါပေမယ့် ဒီနေ့ခေတ်အထိကို မကြာခဏ သီဆိုလေ့ရှိကြပါတယ်။ အဲဒီထဲမှာ တော်တော်လူကြိုက်များတဲ့ စာသားတစ်ခုပါပါတယ်။ အဲဒီစာသားကတော့ ‘ရုရှားနဲ့ တရုတ်ဟာ ထာဝရ ညီအကိုတွေ ဖြစ်တယ်’ ဆိုတဲ့ စာသားပါပဲ” ဟု ပူတင်က ပြောကြားခဲ့သည်။
“ရုရှား-တရုတ် မိတ်ဖက်ဆက်ဆံရေးရဲ့ ညီရင်းအစ်ကို စိတ်ဓာတ်ကို ဆက်လက် ခိုင်မြဲစေမှာ သေချာပါတယ်” ဟု ရုရှားသမ္မတက အလေးပေး ပြောကြားခဲ့သည်။
ရုရှားသမ္မတ၏ မိန့်ခွန်းကို ရှေးဦးစွာနားထောင်ပြီးနောက် တရုတ်ဘာသာပြန်ဆိုမှုကို ထပ်မံ ကြားသိလိုက်ရသော ပရိသတ်များသည် ရုရှားသမ္မတ၏စကားကို နှစ်ကြိမ်စလုံးပင် ချီးကျူးခဲ့ကြသည်။ PopularNews