LAFC အသင္းသားသစ္ျဖစ္လာတဲ့ ျပင္သစ္တိုက္စစ္မႉး ဂ်႐ူး

(အားကစား) ေမ ၁၅

ေမဂ်ာလိဂ္ကလပ္ ေလာ့စ္အိန္ဂ်လိစ္ FC အသင္းက ေအစီမီလန္အသင္းမွ ျပင္သစ္တိုက္စစ္မႉး ဂ်႐ူးကို အလြတ္ေျပာင္းေရႊ႕ေၾကးျဖင့္ ေခၚယူေၾကာင္းအတည္ျပဳေၾကညာခဲ့ပါတယ္။

LAFC အသင္းက အသက္၃၇ႏွစ္အရြယ္ရွိ ဂ်႐ူးအား ၂၀၂၅ ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး တစ္ႏွစ္သက္တမ္းတိုးခြင့္ပါ၀င္ေၾကာင္းသိရပါတယ္။

ေမာင့္ပယ္လီယာ၊ အာဆင္နယ္၊ ခ်ယ္လ္ဆီးႏွင့္ ေအစီမီလန္အသင္းမ်ားတြင္ကစားခဲ့သည့္ ဂ်႐ူးဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ ၿပိဳင္ပြဲစုံ (၆၉၂)ပြဲကစားရာတြင္ (၂၈၃)ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။

======

LAFC အသင်းသားသစ်ဖြစ်လာတဲ့ ပြင်သစ်တိုက်စစ်မှူး ဂျရူး

(အားကစား) မေ ၁၅

မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ် FC အသင်းက အေစီမီလန်အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဂျရူးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူကြောင်းအတည်ပြုကြေညာခဲ့ပါတယ်။

LAFC အသင်းက အသက်၃၇နှစ်အရွယ်ရှိ ဂျရူးအား ၂၀၂၅ ခုနှစ်အထိစာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ပါ၀င်ကြောင်းသိရပါတယ်။

မောင့်ပယ်လီယာ၊ အာဆင်နယ်၊ ချယ်လ်ဆီးနှင့် အေစီမီလန်အသင်းများတွင်ကစားခဲ့သည့် ဂျရူးဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ပြိုင်ပွဲစုံ (၆၉၂)ပွဲကစားရာတွင် (၂၈၃)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။