ၿပိဳင္ဘက္ဖိုက္တာ ေပါလ္ကို ေသခ်ာျပင္ဆင္ထားဖို႔ သတိေပးလိုက္တဲ့ မိုက္တိုင္ဆန္

(အားကစား) ေမ ၁၅

ဟဲဗီးဝိတ္တန္း ကမၻာ့ခ်န္ပီယံေဟာင္း မိုက္တိုင္ဆန္က ၿပိဳင္ဘက္ျဖစ္တဲ့ ဂ်ိတ္ခ္ေပါလ္ကို ေသခ်ာျပင္ဆင္ထားဖို႔ သတိေပးလိုက္ပါတယ္။

မိုက္တိုင္ဆန္နဲ႔ ဂ်ိတ္ခ္ေပါလ္တို႔ဟာ လာမယ့္ ဇူလိုင္လ ၂၀ ရက္မွာ စိန္ေခၚပြဲထိုးသတ္မွာျဖစ္ၿပီး အခုပြဲဟာ မိုက္တိုင္ဆန္အတြက္ေတာ့ ၂၀၀၅ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ျပန္လည္ထိုးသတ္မယ့္ပြဲ ျဖစ္လာေၾကာင္း သိရပါတယ္။

နယူးေယာ့ခ္မွာ ျပဳလုပ္ခဲ့တဲ့ ပြဲႀကိဳ သတင္းစာရွင္းလင္း ပြဲမွာ အသက္ ၅၇ ႏွစ္ရွိၿပီျဖစ္တဲ့ တိုင္ဆန္က သူဟာ ကမၻာ့ ခ်န္ပီယံေဟာင္းတစ္ေယာက္ ျဖစ္ေနဆဲဆိုတာကို သက္ေသျပသြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။

အသက္ ၂၇ ႏွစ္ အရြယ္ ဂ်ိတ္ခ္ေပါလ္ကေတာ့ အရင္က Youtuber တစ္ဦးျဖစ္ေပမယ့္ ေနာက္ပိုင္းမွာ လက္ေဝွ႕ေလာကထဲကို ဝင္ေရာက္လာခဲ့တာျဖစ္ၿပီး ထိုးသတ္ခဲ့တဲ့ ၁၀ ပြဲမွာ ၉ ပြဲအထိ အနိုင္ရထားခဲ့တာ ျဖစ္ပါတယ္။

ဂ်ိတ္ခ္ေပါလ္ကေတာ့ လာမယ့္စိန္ေခၚပြဲမွာ မိုက္တိုင္ဆန္ကို ယွဥ္ၿပိဳင္ ထိုးသတ္နိုင္ဖို႔ အေကာင္းဆုံး ျပင္ဆင္သြားမွာျဖစ္ၿပီး အနိုင္ရဖို႔ကေတာ့ အခြင့္အေရး ကိုယ္စီရွိၾကပါတယ္လို႔ သုံးသပ္သြားခဲ့ပါတယ္။

=======

ပြိုင်ဘက်ဖိုက်တာ ပေါလ်ကို သေချာပြင်ဆင်ထားဖို့ သတိပေးလိုက်တဲ့ မိုက်တိုင်ဆန်

(အားကစား) မေ ၁၅

ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း မိုက်တိုင်ဆန်က ပြိုင်ဘက်ဖြစ်တဲ့ ဂျိတ်ခ်ပေါလ်ကို သေချာပြင်ဆင်ထားဖို့ သတိပေးလိုက်ပါတယ်။

မိုက်တိုင်ဆန်နဲ့ ဂျိတ်ခ်ပေါလ်တို့ဟာ လာမယ့် ဇူလိုင်လ ၂၀ ရက်မှာ စိန်ခေါ်ပွဲထိုးသတ်မှာဖြစ်ပြီး အခုပွဲဟာ မိုက်တိုင်ဆန်အတွက်တော့ ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ထိုးသတ်မယ့်ပွဲ ဖြစ်လာကြောင်း သိရပါတယ်။

နယူးယော့ခ်မှာ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်း ပွဲမှာ အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ တိုင်ဆန်က သူဟာ ကမ္ဘာ့ ချန်ပီယံဟောင်းတစ်ယောက် ဖြစ်နေဆဲဆိုတာကို သက်သေပြသွားမယ်လို့ ပြောသွားခဲ့ပါတယ်။

အသက် ၂၇ နှစ် အရွယ် ဂျိတ်ခ်ပေါလ်ကတော့ အရင်က Youtuber တစ်ဦးဖြစ်ပေမယ့် နောက်ပိုင်းမှာ လက်ဝှေ့လောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ထိုးသတ်ခဲ့တဲ့ ၁၀ ပွဲမှာ ၉ ပွဲအထိ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။

ဂျိတ်ခ်ပေါလ်ကတော့ လာမယ့်စိန်ခေါ်ပွဲမှာ မိုက်တိုင်ဆန်ကို ယှဉ်ပြိုင် ထိုးသတ်နိုင်ဖို့ အကောင်းဆုံး ပြင်ဆင်သွားမှာဖြစ်ပြီး အနိုင်ရဖို့ကတော့ အခွင့်အရေး ကိုယ်စီရှိကြပါတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။