လၽွပ္စစ္စြမ္းအင္သုံး လူသားစက္႐ုပ္ကို တ႐ုတ္မိတ္ဆက္

တ႐ုတ္နိုင္ငံက ၎တို႔ကိုယ္ပိုင္တီထြင္ထားသည့္ ကမၻာ့ပထမဆုံးလၽွပ္စစ္စြမ္းအင္သုံး လူသားစက္႐ုပ္ကို ေမလဆန္းပိုင္းက ေပက်င္းစီးပြားေရးႏွင့္ နည္းပညာဖြံ့ၿဖိဳးတိုးတက္ေရးဧရိယာတြင္ မိတ္ဆက္ျပသခဲ့ေၾကာင္းသိရသည္။
အဆိုပါ လၽွပ္စစ္စြမ္းအင္သုံးလူသားစက္႐ုပ္ကို Tiangong ဟု အမည္ေပးထားၿပီး ယင္းသည္ လူသားကဲ့သို႔ အရြယ္အစားအျပည့္ရွိသည့္ ကမၻာ့ပထမဆုံးေသာ လၽွပ္စစ္စြမ္းအင္ျဖင့္ လည္ပတ္လုပ္ေဆာင္ေသာ စက္႐ုပ္ျဖစ္သည္။ လူသားစက္႐ုပ္ Tiangong သည္ တစ္နာရီလၽွင္ ၆ ကီလိုမီတာ သြားလာနိုင္သည္ဟု ဆိုသည္။
လူသားစက္႐ုပ္ Tiangong သည္ အျမင့္ ၁ ဒသမ ၆၃ မီတာ (၅ ေပ ၃ လက္မ)ရွိကာ အေလးခ်ိန္အားျဖင့္ ၄၃ ကီလိုဂရမ္ျဖစ္သည္။ လူသားစက္႐ုပ္ Tiangong တြင္ အျမင္အာ႐ုံခံကိရိယာအမ်ိဳးမ်ိဳးကို တပ္ဆင္ထားသည္။ ယင္းအထဲတြင္ 3D အျမင္အာ႐ုံခံကိရိယာမ်ားကိုလည္း တပ္ဆင္ေပးထားသည္ဟုဆိုသည္။
လူသားစက္႐ုပ္ Tiangong သည္ လူသားမ်ားကဲ့သို႔ ေျပးလႊားနိုင္မည္ျဖစ္ကာ ေတာင္ေစာင္းမ်ားႏွင့္ ေလွကားမ်ားကိုလည္း ခ်ိန္ညႇိသြားလာနိုင္သည္။
တ႐ုတ္နိုင္ငံအေနျဖင့္ ဧၿပီလေနာက္ဆုံးပတ္က ျပဳလုပ္ခဲ့သည့္ ၂၀၂၄ ခုႏွစ္ Zhongguancun ဖိုရမ္ (ZGC ဖိုရမ္)တြင္ ကမၻာ့ပထမဆုံး လၽွပ္စစ္စြမ္းအင္သုံး လူသားစက္႐ုပ္အျပင္ အျခားေသာ AI စက္႐ုပ္ ထုတ္ကုန္မ်ားကိုလည္း မိတ္ဆက္ျပသခဲ့သည္။
-Ref: Global Times

========

လျှပ်စစ်စွမ်းအင်သုံး လူသားစက်ရုပ်ကို တရုတ်မိတ်ဆက်

တရုတ်နိုင်ငံက ၎င်းတို့ကိုယ်ပိုင်တီထွင်ထားသည့် ကမ္ဘာ့ပထမဆုံးလျှပ်စစ်စွမ်းအင်သုံး လူသားစက်ရုပ်ကို မေလဆန်းပိုင်းက ပေကျင်းစီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဧရိယာတွင် မိတ်ဆက်ပြသခဲ့ကြောင်းသိရသည်။
အဆိုပါ လျှပ်စစ်စွမ်းအင်သုံးလူသားစက်ရုပ်ကို Tiangong ဟု အမည်ပေးထားပြီး ယင်းသည် လူသားကဲ့သို့ အရွယ်အစားအပြည့်ရှိသည့် ကမ္ဘာ့ပထမဆုံးသော လျှပ်စစ်စွမ်းအင်ဖြင့် လည်ပတ်လုပ်ဆောင်သော စက်ရုပ်ဖြစ်သည်။ လူသားစက်ရုပ် Tiangong သည် တစ်နာရီလျှင် ၆ ကီလိုမီတာ သွားလာနိုင်သည်ဟု ဆိုသည်။
လူသားစက်ရုပ် Tiangong သည် အမြင့် ၁ ဒသမ ၆၃ မီတာ (၅ ပေ ၃ လက်မ)ရှိကာ အလေးချိန်အားဖြင့် ၄၃ ကီလိုဂရမ်ဖြစ်သည်။ လူသားစက်ရုပ် Tiangong တွင် အမြင်အာရုံခံကိရိယာအမျိုးမျိုးကို တပ်ဆင်ထားသည်။ ယင်းအထဲတွင် 3D အမြင်အာရုံခံကိရိယာများကိုလည်း တပ်ဆင်ပေးထားသည်ဟုဆိုသည်။
လူသားစက်ရုပ် Tiangong သည် လူသားများကဲ့သို့ ပြေးလွှားနိုင်မည်ဖြစ်ကာ တောင်စောင်းများနှင့် လှေကားများကိုလည်း ချိန်ညှိသွားလာနိုင်သည်။
တရုတ်နိုင်ငံအနေဖြင့် ဧပြီလနောက်ဆုံးပတ်က ပြုလုပ်ခဲ့သည့် ၂၀၂၄ ခုနှစ် Zhongguancun ဖိုရမ် (ZGC ဖိုရမ်)တွင် ကမ္ဘာ့ပထမဆုံး လျှပ်စစ်စွမ်းအင်သုံး လူသားစက်ရုပ်အပြင် အခြားသော AI စက်ရုပ် ထုတ်ကုန်များကိုလည်း မိတ်ဆက်ပြသခဲ့သည်။
-Ref: Global Times