ေအဂ်က္စ္အသင္းႏွင့္ ဂေရဟမ္ေပၚတာ ေဆြးေႏြးေန

ဧၿပီ ၁၁

နယ္သာလန္ကလပ္ ေအဂ်က္ဇ္အသင္းက ယခုေဘာလုံးရာသီတြင္ ရလဒ္မ်ားဆိုးရြားေနသည့္အတြက္ ရာသီအကုန္တြင္ နည္းျပအေျပာင္းအလဲျပဳလုပ္ရန္ ျပင္ဆင္ေနၿပီး ခ်ယ္လ္ဆီးအသင္းနည္းျပေဟာင္း ဂေရဟမ္ေပၚတာကို ခန႔္အပ္ရန္ ေဆြးေႏြးလ်က္ရွိေၾကာင္း သိရပါတယ္။

အသက္(၄၈)ႏွစ္အရြယ္ရွိၿပီျဖစ္သူ ဂေရဟမ္ေပၚတာအေနျဖင့္ ဒတ္ခ်္လိဂ္၌ ႐ုန္းကန္ေနရသည့္ ေအဂ်က္စ္အသင္းႏွင့္ ေဆြးေႏြးေနေသာ္လည္း အပူတျပင္းကိုင္တြယ္ရန္ စိတ္အားထက္သန္ျခင္းမရွိေၾကာင္း သိရပါတယ္။

နည္းျပဂေရဟမ္ေပၚတာသည္လည္း ဘရိုက္တန္အသင္းကို တာဝန္ယူကိုင္တြယ္စဥ္က ရလဒ္ေကာင္း မ်ားရရွိခဲ့ေသာ္လည္း ခ်ယ္လ္ဆီးအသင္းကို တာဝန္ယူ ကိုင္တြယ္ခဲ့ရာ ရလဒ္ဆိုးမ်ားေၾကာင့္ ထုတ္ပယ္ခံရၿပီး လက္ရွိအခ်ိန္ထိ ကလပ္အသင္းလက္မဲ့ ျဖစ္ေနသူျဖစ္ေၾကာင္း သိရပါတယ္။

ဆြမ္ဆီးႏွင့္ ဘရိုက္တန္အသင္းမ်ားကိုလည္း ကိုင္တြယ္ခဲ့ဖူးသူ ဂေရဟမ္ေပၚတာအေနျဖင့္ ေႏြရာသီတြင္ မန္ယူနည္းၿပ ျဖစ္လာနိုင္သူမ်ားစာရင္းတြင္လည္း ပါဝင္လ်က္ရွိပါတယ္။

=====

အေဂျက်စ်အသင်းနှင့် ဂရေဟမ်ပေါ်တာ ဆွေးနွေးနေ

ဧပြီ ၁၁

နယ်သာလန်ကလပ် အေဂျက်ဇ်အသင်းက ယခုဘောလုံးရာသီတွင် ရလဒ်များဆိုးရွားနေသည့်အတွက် ရာသီအကုန်တွင် နည်းပြအပြောင်းအလဲပြုလုပ်ရန် ပြင်ဆင်နေပြီး ချယ်လ်ဆီးအသင်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာကို ခန့်အပ်ရန် ဆွေးနွေးလျက်ရှိကြောင်း သိရပါတယ်။

အသက်(၄၈)နှစ်အရွယ်ရှိပြီဖြစ်သူ ဂရေဟမ်ပေါ်တာအနေဖြင့် ဒတ်ချ်လိဂ်၌ ရုန်းကန်နေရသည့် အေဂျက်စ်အသင်းနှင့် ဆွေးနွေးနေသော်လည်း အပူတပြင်းကိုင်တွယ်ရန် စိတ်အားထက်သန်ခြင်းမရှိကြောင်း သိရပါတယ်။

နည်းပြဂရေဟမ်ပေါ်တာသည်လည်း ဘရိုက်တန်အသင်းကို တာဝန်ယူကိုင်တွယ်စဉ်က ရလဒ်ကောင်း များရရှိခဲ့သော်လည်း ချယ်လ်ဆီးအသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့ရာ ရလဒ်ဆိုးများကြောင့် ထုတ်ပယ်ခံရပြီး လက်ရှိအချိန်ထိ ကလပ်အသင်းလက်မဲ့ ဖြစ်နေသူဖြစ်ကြောင်း သိရပါတယ်။

ဆွမ်ဆီးနှင့် ဘရိုက်တန်အသင်းများကိုလည်း ကိုင်တွယ်ခဲ့ဖူးသူ ဂရေဟမ်ပေါ်တာအနေဖြင့် နွေရာသီတွင် မန်ယူနည်းပြ ဖြစ်လာနိုင်သူများစာရင်းတွင်လည်း ပါဝင်လျက်ရှိပါတယ်။