မန်စီးတီးအသင်း ချန်ပီယံလိဂ်ကစားခွင့် ပိတ်ပင်ခံရဖွယ်ရှိ

မန်စီးတီးအသင်းဟာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့် ပိတ်ပင်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်မှုရှိတယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ ဘဏ္ဍာရေး စည်းမျဉ်းကို လက်တလုံးခြား ချိုးဖောက်ခဲ့ပြီး စပွန်ဆာကုမ္ပဏီတွေနဲ့ ငွေအပေးအယူ ကိစ္စတွေမှာ ရှုပ်ထွေးမှုတွေ ရှိတယ်လို့ သိရပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေကို စုံစမ်းစစ်ဆေးနေပြီး ချိုးဖောက်မှုရှိတယ်လို့ တွေ့ခဲ့မယ်ဆိုရင်တော့ ချန်ပီယံလိဂ် ကစားခွင့် ပိတ်ပင်ခံရမှာပါ။ ဒါပေမယ့် ဥရောဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတဦးရဲ့ အဆိုအရတော့ မန်စီးတီးကို အခုနှစ်မှ စတင်စစ်ဆေးနေတာကြောင့် လာမယ့်နှစ် ချန်ပီယံလိဂ်ပွဲတွေမှာတော့ ပြိုင်ပွဲကစားခွင့် ပိတ်ပင်ခံရဖို့ မရှိဘဲ ၂၀၂၁ ခုနှစ်မှ ပြစ်ဒဏ်ချမှတ်ခံရဖွယ် ရှိတယ်လို့ သိရပါတယ်။ တကယ်လို့ မန်စီးတီးအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေထုတ်ပယ်ခံလိုက်ရမယ်ဆိုရင် အဆင့် ၅ နေရာက အာဆင်နယ်အသင်းက ချန်ပီယံလိဂ် ဝင်ခွင့် ရရှိမှာဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

-Ref:Skysport