လက္က်န္ပြဲစဥ္ေျခာက္ပြဲတြင္ တစ္ပြဲအနိုင္ရရွိပါက ဂ်ာမန္ဘြန္ဒက္စ္လီဂါဆုဖလားကို ရရွိသြားမယ့္ ေလဗာကူဆင္

ဧၿပီ ၈

ယခုေဘာလုံးရာသီတြင္ နည္းျပအလြန္ဆို၏ ဦးေဆာင္မႈႏွင့္အတူ ပုံစံေကာင္းမ်ား ဆက္တိုက္ျပသေနသည့္ ေလဗာကူဆင္အသင္းသည္ လက္က်န္ပြဲစဥ္ ေျခာက္ပြဲတြင္ တစ္ပြဲအနိုင္ရရွိပါက အသင္းသမိုင္းတစ္ေလၽွာက္ ပထမဆုံးအႀကိမ္ ဂ်ာမန္ဘြန္ဒက္စ္လီဂါဆုဖလားကို ရရွိနိုင္မည္ျဖစ္ေၾကာင္း သိရပါတယ္။

ဂ်ာမန္ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲ ပြဲစဥ္ (၂၈) အျဖစ္ ကစားခဲ့သည့္ပြဲစဥ္တြင္ ေလဗာကူဆင္အသင္းသည္ ယူနီယံ ဘာလင္အသင္းကို ၁ ဂိုး – ဂိုးမရွိျဖင့္ အနိုင္ရရွိခဲ့ေသာ္လည္း အမွတ္ေပးဇယားအဆင့္ (၂) ေနရာမွ ဘိုင္ယန္ ျမဴးနစ္အသင္းသည္ ဟီဒန္ဟိမ္းအသင္းကို ၃ ဂိုး- ၂ ဂိုးျဖင့္ ရႈံးနိမ့္ခဲ့သည့္အတြက္ ေလဗာကူဆင္အသင္း သည္ ဂ်ာမန္ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲ ၂၈ ပြဲကစားၿပီးခ်ိန္ တြင္ ရမွတ္ ၇၆ မွတ္ျဖင့္ အမွတ္ေပးဇယားထိပ္ဆုံးမွ ဦးေဆာင္ေနၿပီး အဆင့္(၂) ေနရာမွ ဘိုင္ယန္ျမဴးနစ္အသင္းကို ရမွတ္ ၁၆ မွတ္အထိ ျဖတ္ေတာက္ထားနိုင္ခဲ့ပါတယ္။

ယခုေဘာလုံးရာသီ ဂ်ာမန္ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲ ပြဲစဥ္ (၂၈) ၿပီးဆုံးၿပီးေနာက္ လက္က်န္ပြဲကစားရန္မွာ ေျခာက္ပြဲသာ လိုအပ္ေတာ့သည့္အတြက္ ေလဗာကူဆင္အသင္းက ဘိုင္ယန္ျမဴးနစ္အသင္းကို ၁၆ မွတ္ ျဖတ္ေတာက္ထားနိုင္ၿပီး လက္က်န္ေျခာက္ပြဲတြင္ တစ္ပြဲအနိုင္ ရရွိမည္ဆိုပါက အသင္းသမိုင္းတစ္ ေလၽွာက္ ပထမဆုံးအႀကိမ္ ဂ်ာမန္ဘြန္ဒက္စ္လီဂါ ဆုဖလားကို ဆြတ္ခူးနိုင္မည္ျဖစ္ပါတယ္။

ေလဗာကူဆင္ အသင္းသည္ ယခုေဘာလုံးရာသီတြင္ ၿပိဳင္ပြဲစုံ၌ တစ္ပြဲမွ ရႈံးနိမ့္ထားျခင္း မရွိေသးဘဲ ဂ်ာမန္ဘြန္ဒက္စ္လီဂါ ၿပိဳင္ပြဲတြင္ ၂၈ ပြဲကစားထားၿပီး ၂၄ ပြဲနိုင္ ေလးပြဲသေရ၊ ယူရိုပါလိဂ္ၿပိဳင္ပြဲတြင္လည္း ကြာတားဖိုင္နယ္ အဆင့္တက္ေရာက္ထားကာလာမည့္ ဂ်ာမန္ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲ ပြဲစဥ္ (၂၉)အျဖစ္ ကစားမည့္ ဝါဒါဘရီမင္အသင္းႏွင့္ ပြဲစဥ္တြင္ အနိုင္ရရွိပါက ခ်န္ပီယံဆုဖလား ဆြတ္ခူးနိုင္မည္ျဖစ္ေၾကာင္း သိရပါတယ္။

========

လက်ကျန်ပွဲစဉ်ခြောက်ပွဲတွင် တစ်ပွဲအနိုင်ရရှိပါက ဂျာမန်ဘွန်ဒက်စ်လီဂါဆုဖလားကို ရရှိသွားမယ့် လေဗာကူဆင်

ဧပြီ ၈

ယခုဘောလုံးရာသီတွင် နည်းပြအလွန်ဆို၏ ဦးဆောင်မှုနှင့်အတူ ပုံစံကောင်းများ ဆက်တိုက်ပြသနေသည့် လေဗာကူဆင်အသင်းသည် လက်ကျန်ပွဲစဉ် ခြောက်ပွဲတွင် တစ်ပွဲအနိုင်ရရှိပါက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဂျာမန်ဘွန်ဒက်စ်လီဂါဆုဖလားကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပွဲစဉ် (၂၈) အဖြစ် ကစားခဲ့သည့်ပွဲစဉ်တွင် လေဗာကူဆင်အသင်းသည် ယူနီယံ ဘာလင်အသင်းကို ၁ ဂိုး – ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော်လည်း အမှတ်ပေးဇယားအဆင့် (၂) နေရာမှ ဘိုင်ယန် မြူးနစ်အသင်းသည် ဟီဒန်ဟိမ်းအသင်းကို ၃ ဂိုး- ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် လေဗာကူဆင်အသင်း သည် ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ၂၈ ပွဲကစားပြီးချိန် တွင် ရမှတ် ၇၆ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေပြီး အဆင့်(၂) နေရာမှ ဘိုင်ယန်မြူးနစ်အသင်းကို ရမှတ် ၁၆ မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။

ယခုဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပွဲစဉ် (၂၈) ပြီးဆုံးပြီးနောက် လက်ကျန်ပွဲကစားရန်မှာ ခြောက်ပွဲသာ လိုအပ်တော့သည့်အတွက် လေဗာကူဆင်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ၁၆ မှတ် ဖြတ်တောက်ထားနိုင်ပြီး လက်ကျန်ခြောက်ပွဲတွင် တစ်ပွဲအနိုင် ရရှိမည်ဆိုပါက အသင်းသမိုင်းတစ် လျှောက် ပထမဆုံးအကြိမ် ဂျာမန်ဘွန်ဒက်စ်လီဂါ ဆုဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်ပါတယ်။

လေဗာကူဆင် အသင်းသည် ယခုဘောလုံးရာသီတွင် ပြိုင်ပွဲစုံ၌ တစ်ပွဲမှ ရှုံးနိမ့်ထားခြင်း မရှိသေးဘဲ ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတွင် ၂၈ ပွဲကစားထားပြီး ၂၄ ပွဲနိုင် လေးပွဲသရေ၊ ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း ကွာတားဖိုင်နယ် အဆင့်တက်ရောက်ထားကာလာမည့် ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပွဲစဉ် (၂၉)အဖြစ် ကစားမည့် ဝါဒါဘရီမင်အသင်းနှင့် ပွဲစဉ်တွင် အနိုင်ရရှိပါက ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။