ဘယ္လ္ဂ်ီယံႏွင့္ပြဲကို အဂၤလန္တိုက္စစ္မႉး ဟာရီကိန္း ထပ္မံလြဲေခ်ာ္

မတ္ ၂၅

အဂၤလန္အသင္း၏တိုက္စစ္မႉး ဟာရီကိန္းသည္ ေျခခ်င္းဝတ္ဒဏ္ရာေၾကာင့္ ဘယ္လ္ဂ်ီယံႏွင့္ပြဲကို ထပ္မံလြဲေခ်ာ္မည္ျဖစ္ေၾကာင္း သိရပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ ဟာရီကိန္း(၃၀ ႏွစ္)သည္ ယင္းဒဏ္ရာေၾကာင့္ ဘရာဇီးလ္ႏွင့္ ေျခစမ္းပြဲကို လြဲေခ်ာ္ခဲ့သလို၊ သက္သာျခင္းမရွိသျဖင့္ ဘယ္လ္ဂ်ီယံႏွင့္ပြဲကိုလည္း ထပ္မံလြဲေခ်ာ္ျခင္းျဖစ္ပါတယ္။

ဒဏ္ရာသက္သာလာျခင္းမရွိတဲ့ တိုက္စစ္မႉး ဟယ္ရီကိန္းကို အဂၤလန္အသင္းက ဘိုင္ယန္ျမဴးနစ္ အသင္းဆီ ျပန္လႊတ္ခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းသည္ မတ္ ၃၁ ရက္မွာ ေဒါ့မြန္နဲ႔ ကစားရမွာျဖစ္သလို ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာလည္း အာဆင္နယ္အသင္းနဲ႔ ေတြ႕ဆုံေနၿပီး ပထမအေက်ာ့ကို ဧၿပီ(၉)၊ ဒုတိယအေက်ာ့ကို ဧၿပီ(၁၇)တြင္ ယွဥ္ၿပိဳင္ရမည္ျဖစ္ပါတယ္။

========

ဘယ်လ်ဂျီယံနှင့်ပွဲကို အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း ထပ်မံလွဲချော်

မတ် ၂၅

အင်္ဂလန်အသင်း၏တိုက်စစ်မှူး ဟာရီကိန်းသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံနှင့်ပွဲကို ထပ်မံလွဲချော်မည်ဖြစ်ကြောင်း သိရပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်း(၃၀ နှစ်)သည် ယင်းဒဏ်ရာကြောင့် ဘရာဇီးလ်နှင့် ခြေစမ်းပွဲကို လွဲချော်ခဲ့သလို၊ သက်သာခြင်းမရှိသဖြင့် ဘယ်လ်ဂျီယံနှင့်ပွဲကိုလည်း ထပ်မံလွဲချော်ခြင်းဖြစ်ပါတယ်။

ဒဏ်ရာသက်သာလာခြင်းမရှိတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို အင်္ဂလန်အသင်းက ဘိုင်ယန်မြူးနစ် အသင်းဆီ ပြန်လွှတ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းသည် မတ် ၃၁ ရက်မှာ ဒေါ့မွန်နဲ့ ကစားရမှာဖြစ်သလို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာလည်း အာဆင်နယ်အသင်းနဲ့ တွေ့ဆုံနေပြီး ပထမအကျော့ကို ဧပြီ(၉)၊ ဒုတိယအကျော့ကို ဧပြီ(၁၇)တွင် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။