ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ပါတီတြင္းေဆြးေႏြးပြဲ က်င္းပျပဳလုပ္

မတ္ ၆၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ပါတီတြင္းေဆြးေႏြးပြဲကို အပတ္စဥ္ ဗုဒၶဟူးေန႔ နံနက္ပိုင္းတြင္ က်င္းပျပဳလုပ္ရာ (၁၉)ႀကိမ္ေျမာက္ ပါတီတြင္းေဆြးေႏြးပြဲကို ၆-၃-၂၀၂၃ ရက္ေန႔ နံနက္ ၀၉:၃၀ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ခဲ့ပါသည္။
ေဆြးေႏြးပြဲတြင္ ဗဟိုေကာ္မတီဝင္ ဦးရဲထြဋ္ေအာင္ႏွင့္ ေဒၚေက်ာ့ယဥ္ဝင္း တို႔မွ “ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဆိုင္ရာ ေဆာင္ရြက္မႈမ်ား ” ေခါင္းစဥ္ျဖင့္ ဦးေဆာင္ေဆြးေႏြးခဲ့ၾကရာ ပါတီဗဟိုအတြင္းေရးမႉးမ်ား၊ ပါတီဗဟိုအလုပ္အမႈေဆာင္မ်ား၊ ပါတီဗဟိုေကာ္မတီဝင္မ်ား၊ ဌာနမႉးမ်ားမွ ေဆြးေႏြးမႈမ်ားႏွင့္ စပ္လ်ဥ္းၿပီး သိရွိလိုသည္မ်ားေမးျမန္းၾကၿပီး ေဆာင္ရြက္ရန္ လိုအပ္ခ်က္မ်ားအား တင္ျပေဆြးေႏြးခဲ့ၾကပါသည္။
ဆက္လက္ၿပီး ပါတီအေထြေထြအတြင္းေရးမႉးႏွင့္ ဒုတိယဥကၠ႒မ်ားက ေဆြးေႏြးမႈမ်ားႏွင့္စပ္လ်ဥ္း၍ ျဖည့္စြက္ေဆြးေႏြး ရွင္းလင္းေျပာၾကားခဲ့ၾကပါသည္။ ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီမွ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာ “ NGO, INGO အဖြဲ႕အစည္းမ်ားႏွင့္ပတ္သက္သည့္ ကိစၥရပ္မ်ား၊ သက္ႀကီးဘိုးဘြားမ်ား၊ ဆင္းရဲႏြမ္းပါးသူမ်ား၊ မိဘမဲ့ကေလးသူငယ္မ်ား ေစာင့္ေရွာက္ေရး ကိစၥရပ္မ်ား၊ မသန္စြမ္းသူမ်ားအား ဥပေဒေရးအရ ကြာကြယ္ေပးနိုင္ေရး ကိစၥရပ္မ်ား ” အပါအဝင္ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဆိုင္ရာ မ်ားႏွင့္ ပတ္သက္သည့္ ကိစၥရပ္မ်ားအား ေျပာၾကားၿပီး ေတြ႕ဆုံပြဲအခမ္းအနားကို ေန႔လည္ ၁၃:၀၀ နာရီအခ်ိန္တြင္ ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ပါတီဌာနခ်ဳပ္မွ ဌာနခ်ဳပ္မႉးႏွင့္ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကပါသည္။

======

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီတွင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

မတ် ၆၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီတွင်းဆွေးနွေးပွဲကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ (၁၉)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲကို ၆-၃-၂၀၂၃ ရက်နေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ဗဟိုကော်မတီဝင် ဦးရဲထွဋ်အောင်နှင့် ဒေါ်ကျော့ယဉ်ဝင်း တို့မှ “ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ဆောင်ရွက်မှုများ ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြရာ ပါတီဗဟိုအတွင်းရေးမှူးများ၊ ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဗဟိုကော်မတီဝင်များ၊ ဌာနမှူးများမှ ဆွေးနွေးမှုများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များမေးမြန်းကြပြီး ဆောင်ရွက်ရန် လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ပြီး ပါတီအထွေထွေအတွင်းရေးမှူးနှင့် ဒုတိယဥက္ကဋ္ဌများက ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေး ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ နိဂုံးချုပ်အမှာစကားပြောကြားရာ “ NGO, INGO အဖွဲ့အစည်းများနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ သက်ကြီးဘိုးဘွားများ၊ ဆင်းရဲနွမ်းပါးသူများ၊ မိဘမဲ့ကလေးသူငယ်များ စောင့်ရှောက်ရေး ကိစ္စရပ်များ၊ မသန်စွမ်းသူများအား ဥပဒေရေးအရ ကွာကွယ်ပေးနိုင်ရေး ကိစ္စရပ်များ ” အပါအဝင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ များနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားကို နေ့လည် ၁၃:၀၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ပါတီဌာနချုပ်မှ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။