နည္းပညာခ်ိဳ႕ယြင္းမႈ ျဖစ္ေပၚၿပီးေနာက္ Meta (ေခၚ) Facebook ကုမၸဏီ၏ရွယ္ယာမ်ား မိနစ္ပိုင္းအတြင္း ထိုးက်

နည္းပညာခ်ိဳ႕ယြင္းမႈ ျဖစ္ေပၚၿပီးေနာက္ Meta (ေခၚ) Facebook ကုမၸဏီ၏ရွယ္ယာမ်ား မိနစ္ပိုင္းအတြင္း ထိုးက်ခဲ့ သည္။

ျမန္မာစံေတာ္ခ်ိန္ မတ္လ ၅ ရက္ ညပိုင္းတြင္ နည္းပညာခ်ိဳ႕ယြင္းမႈ တစ္နာရီခန႔္ၾကာ ျဖစ္ပြားၿပီးေနာက္ Meta (ေခၚ) Facebook ကုမၸဏီ၏ရွယ္ယာမ်ား အရွိန္အဟုန္ျဖင့္ က်ဆင္းခဲ့ျခင္းျဖစ္သည္။

ေဖေဖာ္ဝါရီလဆန္းပိုင္းက အျမတ္ခြဲေဝေပးခဲ့သျဖင့္ ရွယ္ယာတန္ဖိုး ျမင့္တက္ခဲ့သည့္ Meta (ေခၚ) Facebook ကုမၸဏီမွာ နည္းပညာခ်ိဳ႕ယြင္းၿပီးေနာက္တြင္ ယခင္က ရွယ္ယာတန္ဖိုး ‌ေဒၚလာ ၄၉၄ အထိရွိခဲ့ေသာ္လည္း ၁ ဒသမ ၆ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့သည္။

Meta (ေခၚ) Facebook ကုမၸဏီတြင္ တည္ေထာင္သူ မာ့က္ခ္ဇူကာဘတ္မွာ US Securities and Exchange Commission ၏ အဆိုအရ ရွယ္ယာေပါင္း သန္း ၃၅၀ ခန႔္ကို ပိုင္ဆိုင္ထားသည္။

နည္းပညာဆိုင္ရာ ျပႆာနာေၾကာင့္ ႏွစ္နာရီေက်ာ္ၾကာျပတ္ေတာက္ခဲ့ရၿပီး ကမၻာတစ္ဝန္းလုံးတြင္ အသုံးျပဳသူ ေထာင္ေပါင္းမ်ားစြာကို သက္ေရာက္ခဲ့ၿပီးေနာက္ Meta ကုမၸဏီပိုင္ Facebook ႏွင့္ အင္စတာဂရမ္တို႔ကို မတ္ ၅ ရက္တြင္ ျပန္လည္ အသုံးျပဳနိုင္ၿပီဟု ယင္းကုမၸဏီ ေျပာေရးဆိုခြင့္ရွိသူက လူမႈမီဒီယာ X တြင္ေဖာ္ျပခဲ့သည္။

ကေမာက္ကမျဖစ္မႈမ်ားသည္ ျမန္မာစံေတာ္ခ်ိန္ ည ၉ နာရီခြဲ ဝန္းက်င္တြင္ စတင္ျဖစ္ေပၚခဲ့ျခင္းျဖစ္ၿပီး အသုံးျပဳသူအမ်ားစုက Facebook ႏွင့္ အင္စတာဂရမ္တို႔ကို Log in ဝင္မရျဖစ္ေနေၾကာင္း Facebook ၏ၿပိဳင္ဘက္ လူမႈမီဒီယာျဖစ္သည့္ X တြင္ ပို႔စ္တင္ခဲ့ၾကသည္။

အိမ္ျဖဴေတာ္ အမ်ိဳးသား လုံျခဳံေရးေကာင္စီသည္ ယင္းျဖစ္ရပ္ကို ေစာင့္ၾကည့္ေနခဲ့ၿပီး ထိုအခ်ိန္တြင္ ဆိုက္ဘာတိုက္ခိုက္မႈျဖစ္ပြားသည့္ လကၡဏာမ်ိဳးကို မေတြ႕ရဟု ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့သည္။

Meta ကုမၸဏီသည္ WhatsApp ႏွင့္ Thread တို႔အပါအဝင္ app အခ်ိဳ႕၌ ေန႔စဥ္ ဝင္ေရာက္အသုံးျပဳေနသူ ၃ ဒသမ ၁၉ ဘီလ်ံခန႔္ရွိေနသည့္ ကုမၸဏီျဖစ္သည္။

Meta ဝန္ထမ္းအခ်ိဳ႕သည္ ၎င္တို႔၏အလုပ္ခြင္တြင္အသုံးျပဳေနေသာ စနစ္မ်ားထဲ Log in ဝင္မရျဖစ္ခဲ့ေသာေၾကာင့္ ၎တို႔ အလုပ္ထုတ္ခံရၿပီဟုပင္ ထင္မွတ္ခဲ့ရေၾကာင္း Bling မက္ေဆ့ app တြင္ ယင္းဝန္ထမ္းမ်ားကေဖာ္ျပေနၾကသည္ကို ရိုက္တာသတင္းဌာနက ေတြ႕ခဲ့ရသည္။

ျပတ္ေတာက္မႈျဖစ္ေပၚရသည့္ အေၾကာင္းသည္ ယခင္ တြစ္တာဟုေခၚခဲ့ေသာ လူမႈမီဒီယာX တြင္ ေရပန္းအစားဆုံး အေၾကာင္းအရာျဖစ္ခဲ့သည္။

ထို႔ေၾကာင့္လည္း X ပိုင္ရွင္ အီလြန္မက္စ္က “ခင္ဗ်ားဟာ ဒီပို႔စ္ကို ဖတ္ေနရတယ္ဆိုရင္ ဒါဟာ ကၽြန္ေတာ္တို႔ဆာဗာေတြ အလုပ္လုပ္ေနတာေၾကာင့္ပဲျဖစ္ပါတယ္”ဟု Meta ကုမၸဏီကို ထိုးႏွက္ခဲ့သည္။

=========

နည်းပညာချို့ယွင်းမှု ဖြစ်ပေါ်ပြီးနောက် Meta (ခေါ်) Facebook ကုမ္ပဏီ၏ရှယ်ယာများ မိနစ်ပိုင်းအတွင်း ထိုးကျ
နည်းပညာချို့ယွင်းမှု ဖြစ်ပေါ်ပြီးနောက် Meta (ခေါ်) Facebook ကုမ္ပဏီ၏ရှယ်ယာများ မိနစ်ပိုင်းအတွင်း ထိုးကျခဲ့ သည်။

မြန်မာစံတော်ချိန် မတ်လ ၅ ရက် ညပိုင်းတွင် နည်းပညာချို့ယွင်းမှု တစ်နာရီခန့်ကြာ ဖြစ်ပွားပြီးနောက် Meta (ခေါ်) Facebook ကုမ္ပဏီ၏ရှယ်ယာများ အရှိန်အဟုန်ဖြင့် ကျဆင်းခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလဆန်းပိုင်းက အမြတ်ခွဲဝေပေးခဲ့သဖြင့် ရှယ်ယာတန်ဖိုး မြင့်တက်ခဲ့သည့် Meta (ခေါ်) Facebook ကုမ္ပဏီမှာ နည်းပညာချို့ယွင်းပြီးနောက်တွင် ယခင်က ရှယ်ယာတန်ဖိုး ‌ဒေါ်လာ ၄၉၄ အထိရှိခဲ့သော်လည်း ၁ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

Meta (ခေါ်) Facebook ကုမ္ပဏီတွင် တည်ထောင်သူ မာ့က်ခ်ဇူကာဘတ်မှာ US Securities and Exchange Commission ၏ အဆိုအရ ရှယ်ယာပေါင်း သန်း ၃၅၀ ခန့်ကို ပိုင်ဆိုင်ထားသည်။

နည်းပညာဆိုင်ရာ ပြဿာနာကြောင့် နှစ်နာရီကျော်ကြာပြတ်တောက်ခဲ့ရပြီး ကမ္ဘာတစ်ဝန်းလုံးတွင် အသုံးပြုသူ ထောင်ပေါင်းများစွာကို သက်ရောက်ခဲ့ပြီးနောက် Meta ကုမ္ပဏီပိုင် Facebook နှင့် အင်စတာဂရမ်တို့ကို မတ် ၅ ရက်တွင် ပြန်လည် အသုံးပြုနိုင်ပြီဟု ယင်းကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက လူမှုမီဒီယာ X တွင်ဖော်ပြခဲ့သည်။

ကမောက်ကမဖြစ်မှုများသည် မြန်မာစံတော်ချိန် ည ၉ နာရီခွဲ ဝန်းကျင်တွင် စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုသူအများစုက Facebook နှင့် အင်စတာဂရမ်တို့ကို Log in ဝင်မရဖြစ်နေကြောင်း Facebook ၏ပြိုင်ဘက် လူမှုမီဒီယာဖြစ်သည့် X တွင် ပို့စ်တင်ခဲ့ကြသည်။

အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီသည် ယင်းဖြစ်ရပ်ကို စောင့်ကြည့်နေခဲ့ပြီး ထိုအချိန်တွင် ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ပွားသည့် လက္ခဏာမျိုးကို မတွေ့ရဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

Meta ကုမ္ပဏီသည် WhatsApp နှင့် Thread တို့အပါအဝင် app အချို့၌ နေ့စဉ် ဝင်ရောက်အသုံးပြုနေသူ ၃ ဒသမ ၁၉ ဘီလျံခန့်ရှိနေသည့် ကုမ္ပဏီဖြစ်သည်။

Meta ဝန်ထမ်းအချို့သည် ၎င်းင်တို့၏အလုပ်ခွင်တွင်အသုံးပြုနေသော စနစ်များထဲ Log in ဝင်မရဖြစ်ခဲ့သောကြောင့် ၎င်းတို့ အလုပ်ထုတ်ခံရပြီဟုပင် ထင်မှတ်ခဲ့ရကြောင်း Bling မက်ဆေ့ app တွင် ယင်းဝန်ထမ်းများကဖော်ပြနေကြသည်ကို ရိုက်တာသတင်းဌာနက တွေ့ခဲ့ရသည်။

ပြတ်တောက်မှုဖြစ်ပေါ်ရသည့် အကြောင်းသည် ယခင် တွစ်တာဟုခေါ်ခဲ့သော လူမှုမီဒီယာX တွင် ရေပန်းအစားဆုံး အကြောင်းအရာဖြစ်ခဲ့သည်။

ထို့ကြောင့်လည်း X ပိုင်ရှင် အီလွန်မက်စ်က “ခင်ဗျားဟာ ဒီပို့စ်ကို ဖတ်နေရတယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ဆာဗာတွေ အလုပ်လုပ်နေတာကြောင့်ပဲဖြစ်ပါတယ်”ဟု Meta ကုမ္ပဏီကို ထိုးနှက်ခဲ့သည်။