ထိုင်းဘုရင် ဘူမိဘောအား မီးသင်္ဂြိုဟ်မည့် လောင်တိုက်ပုံစံအား ထုတ်ပြန်

ထိုင်းဘုရင် ဘူမိဘော ဈာပနာအတွက် လောင်တိုက်ပုံစံအား အနုပညာဌာနက ထုတ်ပြန်လိုက်ပြီး ဇန်နဝါရီတွင် စတင်တည်ဆောက်သွားရန် စီစဉ်ထားသည်။

new-picture-1

ဘုရင်ကြီး၏ ရုပ်အလောင်းတော်အား ဈာပနမီးသင်္ဂြိုဟ်မည့် လောင်တိုက်မှာ အမြင့် ၅၀ ဒဿမ ၄၉ မီတာ ရှိမည်ဖြစ်ကာ မြေပြင်တွင်တည်ဆောက်ပြီး လေးဖက်လေးတန်၌ ရေကန်ငယ် များပါ ပါရှိမည်ဖြစ်ကြောင်း ဌာန၏ ညွန်ကြားရေးမှူးချုပ် အာနန်ဒါချူချိုတီက ပြောသည်။

တော်ဝင်လောင်တိုက်တွင် ဆူမာရုတောင်ကုန်း၏ ပုံရိပ်သဏ္ဍန်ကိုလည်း ထည့်သွင်းစီရင်ထားကြောင်း အစိုးရ အိမ်တော်ရာ၌ ကျင်းပသည့် တော်ဝင်လောင်တိုက်တည်ဆောက်ရေး   ကော်မတီအစည်းအဝေးတွင် ၎င်းက ပြောသည်။

ဗုဒ္ဓဘာသာယုံကြည်မှုအရ အဆိုပါ ဆူမာရုတောင်ကုန်းသည် ဘုရင်၏ မနောဝိညာဉ် ပြန်လည်ရောက်ရှိလာမည့် နေရာအဖြစ် အလေးအမြတ်ထားကြခြင်းဖြစ်သည်။

တော်ဝင်လောင်တိုက် တည်ဆောက်မည့် Sanam Luang အရပ်အား ဇန်နဝါရီ ၁၀ ရက် တည်ဆောက်ရေး စလျှင် ပိတ်ထားမည်ဖြစ်ကြောင်း တော်ဝင်လောင်တိုက်တည်ဆောက်ရေး ကော်မတီ၏ သဘာပတိဖြစ်သည့် ဒုတိယ ဝန်ကြီးချုပ် တန်နာဆတ်ပတ်တီမာပရာဂွန်က ပြောခဲ့သည်။

#Mizzima


Leave a Reply