ဟာလန္းရဲ့ ဂိုးေတြနဲ႔ အနိုင္ယူနိုင္ခဲ့တဲ့ မန္စီးတီး

ေဖေဖာ္ဝါရီ ၂၈

မေန႔ညက ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္မွာ မန္စီးတီးအသင္းက ဟာလန္းရဲ့ငါးဂိုးနဲ႔အတူ လူတန္ေတာင္းအသင္းကို ၆-၂ ဂိုးနဲ႔ အနိုင္ယူၿပီး အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ကို တက္ေရာက္ခဲ့ပါတယ္။

ဟာလန္းရဲ့ ငါးဂိုးမွာ ဒီဘရိုင္းနားက ေလးဂိုး assist ေပးခဲ့ၿပီး ကိုဗာဆစ္က မန္စီးတီးအသင္းအတြက္ ေနာက္တဂိုးသြင္းေပးခဲ့ပါတယ္။

ဟာလန္းဟာ ေျခေခ်ာင္းရိုး ဒဏ္ရာေၾကာင့္ ဒီဇင္ဘာ ၇ ရက္ ကေန ေဖေဖာ္ဝါရီ ၁ ရက္အထိ ၂ လနီးပါး အနားယူခဲ့ရပါတယ္။

ဟာလန္းရဲ့ မန္စီးတီးအသင္းဟာ အက္ဖ္ေအဖလား၊ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာ ခ်န္ပီယံဆုကို ျပန္လည္ကာကြယ္နိုင္ဖို႔ ႀကိဳးပမ္းသြားရမွာ ျဖစ္ပါတယ္။

========

ဟာလန်းရဲ့ ဂိုးတွေနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ မန်စီးတီး

ဖေဖော်ဝါရီ ၂၈

မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ မန်စီးတီးအသင်းက ဟာလန်းရဲ့ငါးဂိုးနဲ့အတူ လူတန်တောင်းအသင်းကို ၆-၂ ဂိုးနဲ့ အနိုင်ယူပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

ဟာလန်းရဲ့ ငါးဂိုးမှာ ဒီဘရိုင်းနားက လေးဂိုး assist ပေးခဲ့ပြီး ကိုဗာဆစ်က မန်စီးတီးအသင်းအတွက် နောက်တဂိုးသွင်းပေးခဲ့ပါတယ်။

ဟာလန်းဟာ ခြေချောင်းရိုး ဒဏ်ရာကြောင့် ဒီဇင်ဘာ ၇ ရက် ကနေ ဖေဖော်ဝါရီ ၁ ရက်အထိ ၂ လနီးပါး အနားယူခဲ့ရပါတယ်။

ဟာလန်းရဲ့ မန်စီးတီးအသင်းဟာ အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ပြန်လည်ကာကွယ်နိုင်ဖို့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။