ကမၻာမွာ ေနေရာင္ျခည္ စြမ္းအင္ ကေန လၽွပ္စစ္ စြမ္းအင္ ထုတ္လုပ္မႈ အမ်ားဆုံး ဟာ တ႐ုတ္ ျဖစ္လာ

ကမၻာႀကီးကို ပ်က္ဆီးေစတဲ့ ကာဘြန္ဒိုင္ေအာက္ဆိုက္ ထုတ္လႊင့္မႈ ေလၽွာ့ခ်ဖို႔နဲ႔ သန႔္ရွင္းတဲ့ စြမ္းအင္ကို အသုံးျပဳဖို႔ နိုင္ငံမ်ားစြာက ႀကိဳးစားေနပါတယ္။ အဲဒီအထဲမွာ တ႐ုတ္က ေရွ႕တန္းက ဦးေဆာင္တဲ့ နိုင္ငံျဖစ္လာပါတယ္။
၂၀၂၃ ခုႏွစ္မွာ ကမၻာမွာ ေနေရာင္ျခည္ စြမ္းအင္ ကေန လၽွပ္စစ္ စြမ္းအင္ ထုတ္လုပ္မႈ အမ်ားဆုံး ဟာ တ႐ုတ္ ျဖစ္လာပါတယ္။ တ႐ုတ္ရဲ့ အမ်ိဳးသား ေအဂ်င္စီက ထုတ္ျပန္တဲ့ ေဒတာအရ ၂၀၂၃ ခုႏွစ္မွာ တ႐ုတ္ရဲ့ ေနေရာင္ျခည္စြမ္းအင္ ကေန လၽွပ္စစ္စြမ္းအင္ ထုတ္လုပ္တဲ့ ပမာဏဟာ ၅၅.၂ ရာခိုင္ႏႈန္းေတာင္ တိုးတက္ခဲ့ၿပီး 216 gigawatts (GW) ကို ထုတ္လုပ္နိုင္ခဲ့ပါတယ္။
အဲဒီ ပမာဏဟာ အေမရိကန္ထက္ေတာင္ ပိုမ်ားေနၿပီး အေမရိကန္က နံပါတ္ ၂ ေနရာမွာရွိေနပါတယ္။ တ႐ုတ္ဟာ ၂၀၂၃ ခုႏွစ္မွာ တျခားနိုင္ငံေတြထက္ Solar Panel တပ္ဆင္မႈ ပိုမိုမ်ားျပားခဲ့ပါတယ္။ ေနေရာင္ျခည္ စြမ္းအင္ 216.9 gigawatts (GW) ထုတ္လုပ္နိုင္ခဲ့ၿပီး ၂၀၂၂ ခုႏွစ္ရဲ့ 87.4 gigawatts ထက္ တိုးတက္ခဲ့ပါတယ္။
တ႐ုတ္ဟာ ၂၀၃၀ ခုႏွစ္မွာ ေနေရာင္ျခည္ စြမ္းအင္လို ေရရွည္တည္တန႔္တဲ့ စြမ္းအင္ကို အျပည့္အဝ အသုံးခ်မွာ ျဖစ္ၿပီး ၂၀၆၀ ခုႏွစ္မွာ ကာဘြန္မၽွေျခကို တည္ေဆာက္မွာ ျဖစ္တယ္လို႔ ၂၀၂၀ ခုႏွစ္က ေၾကညာထားပါတယ္။ ဒီရည္မွန္းခ်က္ေအာင္ျမင္ဖို႔အတြက္ တ႐ုတ္ အစိုးရဟာ ၂၀၃၀ ခုႏွစ္မွာ ျပန္လည္ျဖည့္တင္းနိုင္တဲ့ စြမ္းအင္ 1,200 GW ကို ထုတ္လုပ္မွာ ျဖစ္ပါတယ္။
Ref : thevege

==========

ကမ္ဘာမှာ နေရောင်ခြည် စွမ်းအင် ကနေ လျှပ်စစ် စွမ်းအင် ထုတ်လုပ်မှု အများဆုံး ဟာ တရုတ် ဖြစ်လာ

ကမ္ဘာကြီးကို ပျက်ဆီးစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု လျှော့ချဖို့နဲ့ သန့်ရှင်းတဲ့ စွမ်းအင်ကို အသုံးပြုဖို့ နိုင်ငံများစွာက ကြိုးစားနေပါတယ်။ အဲဒီအထဲမှာ တရုတ်က ရှေ့တန်းက ဦးဆောင်တဲ့ နိုင်ငံဖြစ်လာပါတယ်။
၂၀၂၃ ခုနှစ်မှာ ကမ္ဘာမှာ နေရောင်ခြည် စွမ်းအင် ကနေ လျှပ်စစ် စွမ်းအင် ထုတ်လုပ်မှု အများဆုံး ဟာ တရုတ် ဖြစ်လာပါတယ်။ တရုတ်ရဲ့ အမျိုးသား အေဂျင်စီက ထုတ်ပြန်တဲ့ ဒေတာအရ ၂၀၂၃ ခုနှစ်မှာ တရုတ်ရဲ့ နေရောင်ခြည်စွမ်းအင် ကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်တဲ့ ပမာဏဟာ ၅၅.၂ ရာခိုင်နှုန်းတောင် တိုးတက်ခဲ့ပြီး 216 gigawatts (GW) ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။
အဲဒီ ပမာဏဟာ အမေရိကန်ထက်တောင် ပိုများနေပြီး အမေရိကန်က နံပါတ် ၂ နေရာမှာရှိနေပါတယ်။ တရုတ်ဟာ ၂၀၂၃ ခုနှစ်မှာ တခြားနိုင်ငံတွေထက် Solar Panel တပ်ဆင်မှု ပိုမိုများပြားခဲ့ပါတယ်။ နေရောင်ခြည် စွမ်းအင် 216.9 gigawatts (GW) ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်ရဲ့ 87.4 gigawatts ထက် တိုးတက်ခဲ့ပါတယ်။
တရုတ်ဟာ ၂၀၃၀ ခုနှစ်မှာ နေရောင်ခြည် စွမ်းအင်လို ရေရှည်တည်တန့်တဲ့ စွမ်းအင်ကို အပြည့်အဝ အသုံးချမှာ ဖြစ်ပြီး ၂၀၆၀ ခုနှစ်မှာ ကာဘွန်မျှခြေကို တည်ဆောက်မှာ ဖြစ်တယ်လို့ ၂၀၂၀ ခုနှစ်က ကြေညာထားပါတယ်။ ဒီရည်မှန်းချက်အောင်မြင်ဖို့အတွက် တရုတ် အစိုးရဟာ ၂၀၃၀ ခုနှစ်မှာ ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင် 1,200 GW ကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။
Ref : thevege