သီရိလင်္ကာတွင် ညမထွက်ရအမိန့် ပြန်လည်ထုတ်ပြန်

သီရိလင်္ကာနိုင်ငံတွင် ဗလီတစ်ခုနှင့် မွတ်စလင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပိုင်ဆိုင်သော လုပ်ငန်းတစ်ခုအား တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်တွင် ညမထွက်ရအမိန့် ပြန်လည်ထုတ်ပြန်ခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့်လအတွင်းက အစ္စလမ္မစ်အစွန်းရောက်များက အသေခံဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ ပြီးနောက်တွင် လုံခြုံရေးနှင့်ဆိုင်သည့် စိုးရိမ်ဖွယ်အခြေအနေများမြင့်တက်လာခဲ့သော သီရိလင်္ကာနိုင်ငံတွင် ယခုဖြစ်စဉ်ကြောင့် လုံခြုံရေးကဏ္ဍအား ထိထိရောက်ရောက် ကိုင်တွယ်ရန် ကြိုးပမ်းရဖွယ်ရှိနေသည်။ လုံခြုံရေးနှင့်ဆိုင်သည့် စိုးရိမ်ဖွယ် အခြေအနေများကြောင့် သီရိလင်္ကာနိုင်ငံသို့ လာရောက် လည်ပတ်သည့် ခရီးဧည့်သည်ဦးရေ သိသိသာသာ ကျင်းဆင်းသွားခဲ့သည့်အပြင် စီးပွားရေးကဏ္ဍအပေါ် ဆိုးကျိုး သက်ရောက်မှုများလည်း ဖြစ်ပေါ်စေလျက်ရှိသည်။

-Ref:BBC