ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ နိုင္ငံေရးပါတီမ်ားမွ မိတ္ေဆြမ်ားႏွင့္ေတြ႕ဆုံ

ေဖေဖာ္ဝါရီ ၂၆၊ ရန္ကုန္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔ ေန႔လည္ ၁ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္႐ုံးခြဲ(ရန္ကုန္)၌ ဆက္သြယ္ရရွိေသာ မွတ္ပုံတင္ၿပီး နိုင္ငံေရးပါတီအသီးသီးမွ ဥကၠ႒မ်ား၊ နိုင္ငံေရးမိတ္ေဆြမ်ားျဖင့္ အလြတ္သေဘာေတြ႕ဆုံပြဲသို႔ တက္ေရာက္ခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ လက္ရွိျဖစ္ေပၚလ်က္ရွိေသာ အၾကမ္းဖက္အဖြဲ႕အစည္းမ်ား၏ လမ္း/တံတားမ်ား မိုင္းခြဲဖ်က္ဆီးမႈ၊ စာသင္ေက်ာင္း၊ လူေနအိမ္မ်ား မီးရွို႔ဖ်က္ဆီးမႈ၊ တာဝါတိုင္မ်ား ေဖာက္ခြဲ႕ဖ်က္ဆီးမႈ၊ သယ္ယူပို႔ေဆာင္ေရးေမာ္ေတာ္ယာဥ္မ်ားအား မိုင္းခြဲမီးရွို႔ဖ်က္ဆီးမႈ၊ အျပစ္မဲ့ျပည္သူမ်ားအား ဖမ္းဆီးျပန္ေပးဆြဲမႈ၊ အၾကမ္းဖက္လုပ္ရပ္မ်ားေၾကာင့္ နိုင္ငံ၏ ဖြံ့ၿဖိဳးမႈအေထာက္အကူျပဳ အေျခခံ အေဆာက္အဦမ်ား ပ်က္စီးဆုံးရႈံးခဲ့ရမႈ၊ ၿခိမ္း‌ေျခာက္ခံရေသာ ပညာေရးေၾကာင့္ လူငယ္မ်ား၏အနာဂတ္ဘဝ ပ်က္စီးခဲ့ရမႈတို႔အေပၚ နိုင္ငံေရးအျမင္ျဖင့္ ေဆြးေႏြးခဲ့ၾကပါသည္။
အဆိုပါ ေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ပါတီဥကၠ႒ ဦးခင္ရီ၊ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးခင္ေမာင္စိုးႏွင့္ နိုင္ငံေရးပါတီ ၁၃ ပါတီမွ ပါတီဥကၠ႒မ်ား၊ ဒုတိယဥကၠ႒မ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား အသီးသီးတက္ေရာက္ခဲ့ၿပီး ေတြ႕ဆုံပြဲကို ေန႔လည္ ၀၃:၁၅ နာရီအခ်ိန္တြင္ ႐ုပ္သိမ္းခဲ့ၾကပါသည္။

==========

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နိုင်ငံရေးပါတီများမှ မိတ်ဆွေများနှင့်တွေ့ဆုံ

ဖေဖော်ဝါရီ ၂၆၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်)၌ ဆက်သွယ်ရရှိသော မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီအသီးသီးမှ ဥက္ကဋ္ဌများ၊ နိုင်ငံရေးမိတ်ဆွေများဖြင့် အလွတ်သဘောတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၏ လမ်း/တံတားများ မိုင်းခွဲဖျက်ဆီးမှု၊ စာသင်ကျောင်း၊ လူနေအိမ်များ မီးရှို့ဖျက်ဆီးမှု၊ တာဝါတိုင်များ ဖောက်ခွဲ့ဖျက်ဆီးမှု၊ သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များအား မိုင်းခွဲမီးရှို့ဖျက်ဆီးမှု၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးပြန်ပေးဆွဲမှု၊ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးမှုအထောက်အကူပြု အခြေခံ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရမှု၊ ခြိမ်း‌ခြောက်ခံရသော ပညာရေးကြောင့် လူငယ်များ၏အနာဂတ်ဘဝ ပျက်စီးခဲ့ရမှုတို့အပေါ် နိုင်ငံရေးအမြင်ဖြင့် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် နိုင်ငံရေးပါတီ ၁၃ ပါတီမှ ပါတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များ အသီးသီးတက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲကို နေ့လည် ၀၃:၁၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြပါသည်။