နိုင္ပြဲဆက္ေနတဲ့ အလြန္ဆိုရဲ့ ေလဗာကူဆင္

နည္းၿပ ဇာဗီ အလြန္ဆိုရဲ့ ေလဗာကူဆင္အသင္းဟာ ဂ်ာမန္ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲ ပြဲစဥ္(၂၂)တြင္ အေဝးကြင္းမွာ ဟိုင္ဒန္ဟိမ္းအသင္းကို (1:2)ဂိုးနဲ႔ နိုင္ပြဲထပ္မံရယူနိုင္ခဲ့ပါတယ္။

ဟိုင္ဒန္ဟိမ္း နဲ႔ ကစားခဲ့သည့္ အဆိုပါပြဲစဥ္တြင္ ေနာက္ခံလူ ဖရင္းေပါင္ နဲ႔ အက္လီ တို႔ရဲ့ သြင္းဂိုးမ်ားျဖင့္ (၃)ပြဲဆက္ အနိုင္ရရွိခဲ့ျခင္းျဖစ္ပါတယ္။ အလြန္ဆိုရဲ့ ေလဗာကူဆင္အသင္းဟာ ၿပိဳင္ဘက္ ဘိုင္ယန္ျမဴးနစ္(၂)ပြဲဆက္ ရႈံးနိမ့္မႈေၾကာင့္ အမွတ္ေပးဇယားထိပ္တြင္ (၈)မွတ္ျဖတ္ကာ ဦးေဆာင္ေနၿပီး ခ်န္ပီယံဆုရရန္ ေရပန္းစားေနပါတယ္။

ေလဗာကူဆင္အသင္းဟာ ယခုႏွစ္ရာသီၿပိဳင္ပြဲစုံ (၃၂)ပြဲကစားထားၿပီး (၂၈)ပြဲနိုင္ (၄)ပြဲသေရရလဒ္ စြမ္းေဆာင္ထားနိုင္ပါတယ္။ နည္းျပအရည္အေသြးျမင့္မားစြာ ျပသထားနိုင္တဲ့ အလြန္ဆိုကို ဥေရာပအသင္းႀကီးမ်ားက ခန႔္အပ္ရန္ အလိုရွိ​ေနသူတစ္ဦးျဖစ္ပါတယ္။

=========

နိုင်ပွဲဆက်နေတဲ့ အလွန်ဆိုရဲ့ လေဗာကူဆင်

February 21, 2024

နည်းပြ ဇာဗီ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းဟာ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပွဲစဉ်(၂၂)တွင် အဝေးကွင်းမှာ ဟိုင်ဒန်ဟိမ်းအသင်းကို (1:2)ဂိုးနဲ့ နိုင်ပွဲထပ်မံရယူနိုင်ခဲ့ပါတယ်။

ဟိုင်ဒန်ဟိမ်း နဲ့ ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် နောက်ခံလူ ဖရင်းပေါင် နဲ့ အက်လီ တို့ရဲ့ သွင်းဂိုးများဖြင့် (၃)ပွဲဆက် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းဟာ ပြိုင်ဘက် ဘိုင်ယန်မြူးနစ်(၂)ပွဲဆက် ရှုံးနိမ့်မှုကြောင့် အမှတ်ပေးဇယားထိပ်တွင် (၈)မှတ်ဖြတ်ကာ ဦးဆောင်နေပြီး ချန်ပီယံဆုရရန် ရေပန်းစားနေပါတယ်။

လေဗာကူဆင်အသင်းဟာ ယခုနှစ်ရာသီပြိုင်ပွဲစုံ (၃၂)ပွဲကစားထားပြီး (၂၈)ပွဲနိုင် (၄)ပွဲသရေရလဒ် စွမ်းဆောင်ထားနိုင်ပါတယ်။ နည်းပြအရည်အသွေးမြင့်မားစွာ ပြသထားနိုင်တဲ့ အလွန်ဆိုကို ဥရောပအသင်းကြီးများက ခန့်အပ်ရန် အလိုရှိ​နေသူတစ်ဦးဖြစ်ပါတယ်။