မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ပါတီ႐ုံးမ်ားအားျပည္ခိုင္ၿဖိဳးပါတီဒုတိယ ဥကၠ႒ဦးလွထြန္းလိုက္လံၾကည့္ရႈ႔စစ္ေဆး

မႏၲေလး ေဖေဖာ္ဝါရီ ၆

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ဦးလွထြန္းသည္မႏၲေလးတိုင္းေဒသႀကီးေပါင္းစပ္ညႇိႏွိုင္းေရးမႉးဗဟိုအလုပ္အမႈေဆာင္ေဒါက္တာေမာင္သင္း၊ဗဟိုအလုပ္အမႈေဆာင္ဦးတင့္လွိုင္ျမင့္၊တိုင္းပါတီ ဥကၠ႒ဦးေအာင္ေက်ာ္မိုး၊တိုင္းပါတီအတြင္းေရးမႉး ဦးညႊန္႔ေဆာင္၊တိုင္းေကာ္မတီဝင္မ်ားႏွင့္အတူ (၆.၂.၂၀၂၄)ရက္ေန႔တြင္ မႏၲေလးတိုင္း​ေဒသႀကီးအတြင္းရွိခ်မ္းေအးသာစံ ၿမိဳ႕နယ္ျပည္ခိုင္ၿဖိဳးပါတီ႐ုံး၊မဟာေအာင္ေျမၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးႏွင့္ခ်မ္းျမသာစည္ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးတို႔အားသြားေရာက္၍ ပါတီလုပ္ငန္းေဆာင္ရြက္ေနမႈမ်ား၊ ပါတီပိုင္အေဆာက္အဦးမ်ား၊႐ုံးခန္းမ်ား၊ပါတီပိုင္ပစၥည္းမ်ားထားရွိမႈတို႔ကို ၾကည့္ရႈစစ္ေဆးၿပီး ပါတီပိုင္ ႐ုံးအေဆာက္အဦးမ်ားအား သန္႔ရွင္း သပ္ရပ္ေအာင္ေဆာင္ရြက္ရန္၊ပါတီပိုင္ ပစၥည္းမ်ား ေရွရွည္တည္တံ့ေအာင္ စနစ္တက် ထိန္းသိမ္းေစာင့္ေရွာက္ရန္မွာၾကားခဲ့ပါသည္။
၎ေနာက္ ဒုတိယဥကၠ႒သည္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ပါတီ႐ုံးခန္းမတြင္ ခရိုင္/ၿမိဳ႕နယ္ ပါတီေကာ္မတီဝင္မ်ားအားေတြ႕ဆုံခဲ့ၿပီး နိူင္ငံေတာ္၏ေနာက္ခံ သမိုင္း ေၾကာင္းမ်ား၊ ၂၀၂၀-ခုႏွစ္ ေရြးေကာက္ပြဲ မဲမသမာမႈျဖစ္စဥ္မ်ား၊တပ္မေတာ္မွ နိူင္ငံေတာ္အာဏာ ထိန္းသိမ္းခဲ့ရသည့္ အေျခအေနမ်ား၊နိူင္ငံေတာ္၏ ျပည္တြင္းေရးကို အင္အားႀကီးနိူင္ငံအခ်ိဳ႕က ဝင္ေရာက္စြက္ဖက္ေနမႈ အေျခအေနမ်ားကိုလည္းေကာင္း၊ မိမိတို႔ ျပည္ခိုင္ၿဖိဳးပါတီသည္ ျပည္သူၾကားတြင္ ရွိေသာပါတီျဖစ္ေၾကာင္း၊တိုင္းျပည္ေကာင္းေအာင္ ေဆာင္ရြက္လိုစိတ္ရွိသူမ်ားႏွင့္ ဖြဲ႕စည္းထားသည့္ ပါတီျဖစ္ေၾကာင္း၊ျပည္သူလူထု ေထာက္ခံမႈ ရရွိေရးသည္ အေရးႀကီးေၾကာင္း၊ေရြးေကာက္ပြဲ ေအာင္နိုင္ေရးအတြက္ ျပည္သူလူထု ေထာက္ခံမႈရရွိေအာင္ စည္း႐ုံးရမည္ျဖစ္ေၾကာင္း၊ပါတီတြင္း စည္းလုံးညီညြတ္မႈရွိရန္လိုေၾကာင္း၊ပါတီဝင္အင္အား တိုးပြားေရးအတြက္ အစိမ္းေရာင္စီမံခ်က္အရ အင္အားတိုးခ်ဲ႕စည္း႐ုံးေရး ေဆာင္ရြက္သြားရမည္ျဖစ္ေၾကာင္း၊
တည္ၿငိမ္ေအးခ်မ္းမႈရွိမွ တိုင္းျပည္ ဖြံ့ၿဖိဳးတိုးတက္မည္ျဖစ္၍ တည္ၿငိမ္ေအးခ်မ္းမႈရွိေအာင္ မိမိတို႔မွ ဝိုင္းဝန္းေဆာင္ရြက္သြားရမည္ ျဖစ္ေၾကာင္း
လမ္းညႊန္မွာၾကားခဲ့ပါသည္။

=======

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပါတီရုံးများအားပြည်ခိုင်ဖြိုးပါတီဒုတိယ ဥက္ကဋ္ဌဦးလှထွန်းလိုက်လံကြည့်ရှု့စစ်ဆေး

မန္တလေး ဖေဖော်ဝါရီ ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်းသည်မန္တလေးတိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူးဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်း၊ဗဟိုအလုပ်အမှုဆောင်ဦးတင့်လှိုင်မြင့်၊တိုင်းပါတီ ဥက္ကဋ္ဌဦးအောင်ကျော်မိုး၊တိုင်းပါတီအတွင်းရေးမှူး ဦးညွှန့်ဆောင်၊တိုင်းကော်မတီဝင်များနှင့်အတူ (၆.၂.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း​ဒေသကြီးအတွင်းရှိချမ်းအေးသာစံ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၊မဟာအောင်မြေမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးနှင့်ချမ်းမြသာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတို့အားသွားရောက်၍ ပါတီလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပါတီပိုင်အဆောက်အဦးများ၊ရုံးခန်းများ၊ပါတီပိုင်ပစ္စည်းများထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပါတီပိုင် ရုံးအဆောက်အဦးများအား သန့်ရှင်း သပ်ရပ်အောင်ဆောင်ရွက်ရန်၊ပါတီပိုင် ပစ္စည်းများ ရှေရှည်တည်တံ့အောင် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန်မှာကြားခဲ့ပါသည်။
၎င်းနောက် ဒုတိယဥက္ကဋ္ဌသည် ချမ်းမြသာစည်မြို့နယ်ပါတီရုံးခန်းမတွင် ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များအားတွေ့ဆုံခဲ့ပြီး နိူင်ငံတော်၏နောက်ခံ သမိုင်း ကြောင်းများ၊ ၂၀၂၀-ခုနှစ် ရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဥ်များ၊တပ်မတော်မှ နိူင်ငံတော်အာဏာ ထိန်းသိမ်းခဲ့ရသည့် အခြေအနေများ၊နိူင်ငံတော်၏ ပြည်တွင်းရေးကို အင်အားကြီးနိူင်ငံအချို့က ဝင်ရောက်စွက်ဖက်နေမှု အခြေအနေများကိုလည်းကောင်း၊ မိမိတို့ ပြည်ခိုင်ဖြိုးပါတီသည် ပြည်သူကြားတွင် ရှိသောပါတီဖြစ်ကြောင်း၊တိုင်းပြည်ကောင်းအောင် ဆောင်ရွက်လိုစိတ်ရှိသူများနှင့် ဖွဲ့စည်းထားသည့် ပါတီဖြစ်ကြောင်း၊ပြည်သူလူထု ထောက်ခံမှု ရရှိရေးသည် အရေးကြီးကြောင်း၊ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြည်သူလူထု ထောက်ခံမှုရရှိအောင် စည်းရုံးရမည်ဖြစ်ကြောင်း၊ပါတီတွင်း စည်းလုံးညီညွတ်မှုရှိရန်လိုကြောင်း၊ပါတီဝင်အင်အား တိုးပွားရေးအတွက် အစိမ်းရောင်စီမံချက်အရ အင်အားတိုးချဲ့စည်းရုံးရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
တည်ငြိမ်အေးချမ်းမှုရှိမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ တည်ငြိမ်အေးချမ်းမှုရှိအောင် မိမိတို့မှ ဝိုင်းဝန်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း
လမ်းညွှန်မှာကြားခဲ့ပါသည်။