ကမၻာ့ ပထမဆုံး မိုးပ်ံလူသား ၿပိဳင္ပြဲ က်င္းပမယ့္ ဒူဘိုင္း

စူပါမင္းလို မိုးေပၚပ်ံနိုင္မယ့္ Jet Suit ေတြကို တီထြင္ထားတာ ႏွစ္အနည္းငယ္ ရွိေနပါၿပီ။ အခုေတာ့ ဒူဘိုင္းက ကမၻာ့ ပထမဆုံး Jet Suit ၿပိဳင္ပြဲကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ ကၽြန္ေတာ္ကေတာ့ မိုးပ်ံလူသား ၿပိဳင္ပြဲလို႔ သုံးႏႈန္းခ်င္ပါတယ္။
ဒူဘိုင္း အားကစား ေကာင္စီက Dubai Jet Suit Race ကို ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔မွာ က်င္းပမယ္လို႔ ေၾကညာလိုက္ပါတယ္။ Dubai Harbor နဲ႔ Skydive Dubai အၾကားမွာ ၿပိဳင္ပြဲကို က်င္းပမွာ ျဖစ္ပါတယ္။ ကမၻာမွာ တစ္ခါမွ မက်င္းပဖူးေသးတဲ့ မိုးပ်ံလူသား ၿပိဳင္ပြဲကို ေတြ႕ျမင္ခံစားၾကရေတာ့မွာ ျဖစ္ပါတယ္။
ဒူဘိုင္း အားကစား ေကာင္စီက ဒီၿပိဳင္ပြဲ က်င္းပမယ့္ အေၾကာင္းကို Burj Park မွာ ေၾကညာလိုက္တာ ျဖစ္ၿပီး Jet Suit ဝတ္ဆင္ထားတဲ့ လူ ၃ ေယာက္က Dubai Fountain ကေန ခုန္ခ်ကာ ပ်ံသန္း သ႐ုပ္ျပသခဲ့ၾကပါတယ္။ ဒီၿပိဳင္ပြဲဟာ ေကာင္းကင္ယံ အားကစား နယ္ပယ္အတြက္ စာမ်က္ႏွာ အသစ္တစ္ခု ျဖစ္လာမွာပါ။
ၿပိဳင္ပြဲမွာ တစ္ကမၻာလုံးမွ ၿပိဳင္ပြဲဝင္သူ ၈ ေယာက္ ပါဝင္မွာ ျဖစ္ၿပီး အဲဒီအထဲမွာ UAE ရဲ့ Ahmed Al Shehhi ပါဝင္ယွဥ္ၿပိဳင္မွာပါ။ Jet Suit နည္းပညာကို တီထြင္ေနတဲ့ Gravity Industries ကုမၸဏီနဲ႔ ဒူဘိုင္း အားကစားေကာင္စီတို႔ ပူးေပါင္းကာ ဒီၿပိဳင္ပြဲကို က်င္းပတာ ျဖစ္ပါတယ္။

Ref : interestingengineering

=========

ကမ္ဘာ့ ပထမဆုံး မိုးပျံလူသား ပြိုင်ပွဲ ကျင်းပမယ့် ဒူဘိုင်း

စူပါမင်းလို မိုးပေါ်ပျံနိုင်မယ့် Jet Suit တွေကို တီထွင်ထားတာ နှစ်အနည်းငယ် ရှိနေပါပြီ။ အခုတော့ ဒူဘိုင်းက ကမ္ဘာ့ ပထမဆုံး Jet Suit ပြိုင်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ မိုးပျံလူသား ပြိုင်ပွဲလို့ သုံးနှုန်းချင်ပါတယ်။
ဒူဘိုင်း အားကစား ကောင်စီက Dubai Jet Suit Race ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။ Dubai Harbor နဲ့ Skydive Dubai အကြားမှာ ပြိုင်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ ကမ္ဘာမှာ တစ်ခါမှ မကျင်းပဖူးသေးတဲ့ မိုးပျံလူသား ပြိုင်ပွဲကို တွေ့မြင်ခံစားကြရတော့မှာ ဖြစ်ပါတယ်။
ဒူဘိုင်း အားကစား ကောင်စီက ဒီပြိုင်ပွဲ ကျင်းပမယ့် အကြောင်းကို Burj Park မှာ ကြေညာလိုက်တာ ဖြစ်ပြီး Jet Suit ဝတ်ဆင်ထားတဲ့ လူ ၃ ယောက်က Dubai Fountain ကနေ ခုန်ချကာ ပျံသန်း သရုပ်ပြသခဲ့ကြပါတယ်။ ဒီပြိုင်ပွဲဟာ ကောင်းကင်ယံ အားကစား နယ်ပယ်အတွက် စာမျက်နှာ အသစ်တစ်ခု ဖြစ်လာမှာပါ။
ပြိုင်ပွဲမှာ တစ်ကမ္ဘာလုံးမှ ပြိုင်ပွဲဝင်သူ ၈ ယောက် ပါဝင်မှာ ဖြစ်ပြီး အဲဒီအထဲမှာ UAE ရဲ့ Ahmed Al Shehhi ပါဝင်ယှဉ်ပြိုင်မှာပါ။ Jet Suit နည်းပညာကို တီထွင်နေတဲ့ Gravity Industries ကုမ္ပဏီနဲ့ ဒူဘိုင်း အားကစားကောင်စီတို့ ပူးပေါင်းကာ ဒီပြိုင်ပွဲကို ကျင်းပတာ ဖြစ်ပါတယ်။

Ref : interestingengineering