အိႏၵိယနိုင္ငံ အႀကိဳေရြးေကာက္ပြဲ၌ ဘရာတီယာဂ်နာတာပါတီ အဓိကမဲဆႏၵနယ္သုံးခုတြင္ အနိုင္ရ

ဒီဇင္ဘာ ၅

အိႏၵိယနိုင္ငံ၏ အႀကိဳေရြးေကာက္ပြဲတြင္လက္ရွိအာဏာရ ဘရာတီယာဂ်နာတာပါတီ (BJP)က နိုင္ငံ ၏ အဓိကမဲဆႏၵနယ္ သုံးခုတြင္ အနိုင္ရရွိခဲ့သည္။ ယခုကဲ့သို႔ အနိုင္ရရွိျခင္းသည္ ဝန္ႀကီးခ်ဳပ္မိုဒီ တတိယအႀကိမ္ ရာထူးသက္တမ္းအတြက္ အနိုင္ရရွိရန္ ေရွ႕ေဆာင္လမ္းျပသည့္ပမာ ျဖစ္ခဲ့သည္။

ဟိႏၵဴ အမ်ိဳးသားေရးပါတီျဖစ္သည့္ ဘရာတီယာဂ်နာတာပါတီသည္ ၎၏ အဓိကအတိုက္ အခံပါတီျဖစ္သည့္ ကြန္ဂရက္ပါတီအား နိုင္ငံအေနာက္ပိုင္း ရာဂ်ာစသန္ျပည္နယ္ မဒရာပရာေဒ့ရွ္ႏွင့္ ခ်ာတီစဂတ္ျပည္နယ္တို႔တြင္ မဲအမ်ားစုရရွိကာအနိုင္ရရွိခဲ့သည္။ အိႏၵိယနိုင္ငံဖြံ့ၿဖိဳးတိုး တက္မႈကို ေဆာင္ၾကဥ္းေပးနိုင္ခဲ့သည္ကို စြမ္း အားအျဖစ္ရယူကာ ၎၏ပါတီသည္လာမည့္ေရြးေကာက္ပြဲတြင္ အနိုင္ရရွိမည္ျဖစ္ေၾကာင္း
ဝန္ႀကီးခ်ဳပ္မိုဒီက ဘရာတီယာဂ်နာတာပါတီဌာနခ်ဳပ္တြင္ ေျပာၾကားသည္။ ယခုပဏာမရရွိခဲ့သည့္ ေရြး ေကာက္ပြဲရလဒ္သည္ နိုင္ငံဖြံ့ၿဖိဳးတိုး တက္မႈကိုေဖာ္ျပသည့္ အတိုင္းအတာတစ္ခုျဖစ္ ခဲ့ၿပီး မိမိတို႔ပါတီက အိႏၵိယနိုင္ငံအေပၚ ကမၻာတစ္ ဝန္း၏ ယုံၾကည္မႈကိုေဆာင္ယူလာမည္ဟု ၎က ထပ္ေလာင္းေျပာၾကားသည္။

ပဏာမေရြးေကာက္ပြဲတြင္ အေရးနိမ့္ခဲ့ေသာ္ လည္း BJP ကို ဆက္လက္တိုက္ခိုက္သြားမည္ဟု ကြန္ဂရက္ေခါင္းေဆာင္ရာေဟာဂႏၵီက ေျပာၾကားခဲ့သည္။ အေထြေထြ ေရြးေကာက္ပြဲကို လာမည့္ ေမလတြင္ က်င္းပရန္ စီစဥ္ထားသည္။

================

အိန္ဒိယနိုင်ငံ အကြိုရွေးကောက်ပွဲ၌ ဘရာတီယာဂျနာတာပါတီ အဓိကမဲဆန္ဒနယ်သုံးခုတွင် အနိုင်ရ

ဒီဇင်ဘာ ၅

အိန္ဒိယနိုင်ငံ၏ အကြိုရွေးကောက်ပွဲတွင်လက်ရှိအာဏာရ ဘရာတီယာဂျနာတာပါတီ (BJP)က နိုင်ငံ ၏ အဓိကမဲဆန္ဒနယ် သုံးခုတွင် အနိုင်ရရှိခဲ့သည်။ ယခုကဲ့သို့ အနိုင်ရရှိခြင်းသည် ဝန်ကြီးချုပ်မိုဒီ တတိယအကြိမ် ရာထူးသက်တမ်းအတွက် အနိုင်ရရှိရန် ရှေ့ဆောင်လမ်းပြသည့်ပမာ ဖြစ်ခဲ့သည်။

ဟိန္ဒူ အမျိုးသားရေးပါတီဖြစ်သည့် ဘရာတီယာဂျနာတာပါတီသည် ၎င်း၏ အဓိကအတိုက် အခံပါတီဖြစ်သည့် ကွန်ဂရက်ပါတီအား နိုင်ငံအနောက်ပိုင်း ရာဂျာစသန်ပြည်နယ် မဒရာပရာဒေ့ရှ်နှင့် ချာတီစဂတ်ပြည်နယ်တို့တွင် မဲအများစုရရှိကာအနိုင်ရရှိခဲ့သည်။ အိန္ဒိယနိုင်ငံဖွံ့ဖြိုးတိုး တက်မှုကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်ကို စွမ်း အားအဖြစ်ရယူကာ ၎င်း၏ပါတီသည်လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဖြစ်ကြောင်း
ဝန်ကြီးချုပ်မိုဒီက ဘရာတီယာဂျနာတာပါတီဌာနချုပ်တွင် ပြောကြားသည်။ ယခုပဏာမရရှိခဲ့သည့် ရွေး ကောက်ပွဲရလဒ်သည် နိုင်ငံဖွံ့ဖြိုးတိုး တက်မှုကိုဖော်ပြသည့် အတိုင်းအတာတစ်ခုဖြစ် ခဲ့ပြီး မိမိတို့ပါတီက အိန္ဒိယနိုင်ငံအပေါ် ကမ္ဘာတစ် ဝန်း၏ ယုံကြည်မှုကိုဆောင်ယူလာမည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ပဏာမရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့သော် လည်း BJP ကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ကွန်ဂရက်ခေါင်းဆောင်ရာဟောဂန္ဒီက ပြောကြားခဲ့သည်။ အထွေထွေ ရွေးကောက်ပွဲကို လာမည့် မေလတွင် ကျင်းပရန် စီစဉ်ထားသည်။