

===================

PCM လုပ်ငန်းစဉ်များ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေး

တောင်ကြီး အောက်တိုဘာ ၂
( ၂.၁၀. ၂၀၂၃ ) ရက်နေ့ မွန်းလွဲ ( ၂:၃၀ ) နာရီအချိန်မှ ညနေ ( ၄: ၃၀ ) နာရီအချိန်ထိ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းလုံကျော် ၊ ပြည်နယ်ကော်မတီဝင် ဘဏ္ဍာရေးမှူး ဒေါ်ဝါဝါထွေး ၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆိုင်နွမ်း ၊ စည်းရုံးရေးရာတာဝန်ခံ ဒေါ်ခင်ထွေးအောင် ၊ လုပ်ငန်းစိစစ်ရေးတာဝန်ခံ ဦးစိုင်းကျော်မိုး ၊ လူငယ်ရေးရာတာဝန်ခံ ဦးစောထွန်းခိုင် တိုသည် ပါတီဌာနချုပ်မှ ပါတီအထွေထွေအတွင်းရေးမှူး ဦးဆောင်ကျင်းပသော Project Cycle Management လုပ်ငန်းစဉ်များ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးအား Zoom Meeting ဖြင့် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။