သံပုရာသီးကရနိုင္တဲ့ အက်ိဳးအာနိသင္

သံပုရာသီးမွာ ကယ္လ္လိုရီ၊ ကာဗိုဟိုက္ဒရိတ္၊ ပရိုတင္း၊ အဆီ၊ အမၽွင္ဓာတ္၊ ဗီတာမင္ C ၊ သံဓာတ္၊ ကယ္လ္ဆီယမ္၊ ဗီတာမင္ B6 ၊ ပိုတက္ဆီယမ္၊ မဂၢနီဆီယမ္တို႔ ပါဝင္ပါတယ္။
သံပုရာသီးမွာေတာ့ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ ႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ နာတာရွည္ေရာဂါေတြ မျဖစ္ေအာင္ ကာကြယ္ေပးတာ၊ ကိုယ္ခံအားေကာင္းေစတာ၊ အေရျပားက်န္းမာေစတာ၊ ႏွလုံးေရာဂါ ကာကြယ္ေပးတာ၊ ေက်ာက္ကပ္ ေက်ာက္မတည္ေအာင္ ကာကြယ္ေပးတာ၊ သံဓာတ္စုပ္ယူမႈကို ျမႇင့္တင္ေပးတာ၊ ကင္ဆာအခ်ိဳ႕ျဖစ္နိုင္ေျခကို ေလၽွာ့ခ်ေပးတာ စတဲ့ ဂုဏ္သတၱိေတြ ပါဝင္ပါတယ္။
ေလ့လာမႈေတြအရ သံပုရာသီးက အူမႀကီးကင္ဆာ၊ လည္ေခ်ာင္းကင္ဆာ၊ ပန္ကရိယ ကင္ဆာ၊ ရင္သားကင္ဆာ တို႔ကို ကာကြယ္ေပးနိုင္တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ သံပုရာသီးဟာ ေလနာ၊ ေလသလိပ္၊ ေအာ့အန္နာ၊ အစာမေၾက၊ ရင္ဘက္နာေတြကို ေပ်ာက္ကင္းေစပါတယ္။
ဆံပင္ကၽြတ္တဲ့သူေတြအတြက္ အုန္းရည္ထဲကို သံပုရာရည္ေရာကာ တစ္ပတ္ကို တစ္ႀကိမ္ခန႔္ လိမ္းေပးနိုင္သလို ေသြးတိုးလူနာေတြနဲ႔ ႐ုတ္တရက္ မူးေမာ္သူေတြ အေနနဲ႔လည္း သံပုရာရည္ေဖ်ာ္ၿပီးလည္း ေသာက္နိုင္ပါတယ္။
ခုတင္ဆက္ေပးခဲ့တဲ့ အေၾကာင္းအရာကိုေတာ့ သက္ဆိုင္ရာ ဆရာဝန္မ်ား ရဲ့ အႀကံျပဳခ်က္ေတြက ထုတ္ႏုတ္ၿပီးေတာ့ စံေတာ္ခ်ိန္က စီစဥ္တင္ဆက္ေပးလိုက္တာ ျဖစ္ပါတယ္။ #sdtimedaily

========================

သံပုရာသီးကရနိုင်တဲ့ အကျိုးအာနိသင်

သံပုရာသီးမှာ ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင် C ၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် B6 ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်ပါတယ်။
သံပုရာသီးမှာတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတာ၊ ကိုယ်ခံအားကောင်းစေတာ၊ အရေပြားကျန်းမာစေတာ၊ နှလုံးရောဂါ ကာကွယ်ပေးတာ၊ ကျောက်ကပ် ကျောက်မတည်အောင် ကာကွယ်ပေးတာ၊ သံဓာတ်စုပ်ယူမှုကို မြှင့်တင်ပေးတာ၊ ကင်ဆာအချို့ဖြစ်နိုင်ခြေကို လျှော့ချပေးတာ စတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။
လေ့လာမှုတွေအရ သံပုရာသီးက အူမကြီးကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ ရင်သားကင်ဆာ တို့ကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့ပြင် သံပုရာသီးဟာ လေနာ၊ လေသလိပ်၊ အော့အန်နာ၊ အစာမကြေ၊ ရင်ဘက်နာတွေကို ပျောက်ကင်းစေပါတယ်။
ဆံပင်ကျွတ်တဲ့သူတွေအတွက် အုန်းရည်ထဲကို သံပုရာရည်ရောကာ တစ်ပတ်ကို တစ်ကြိမ်ခန့် လိမ်းပေးနိုင်သလို သွေးတိုးလူနာတွေနဲ့ ရုတ်တရက် မူးမော်သူတွေ အနေနဲ့လည်း သံပုရာရည်ဖျော်ပြီးလည်း သောက်နိုင်ပါတယ်။
ခုတင်ဆက်ပေးခဲ့တဲ့ အကြောင်းအရာကိုတော့ သက်ဆိုင်ရာ ဆရာဝန်များ ရဲ့ အကြံပြုချက်တွေက ထုတ်နုတ်ပြီးတော့ စံတော်ချိန်က စီစဉ်တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ #sdtimedaily