သရေရလဒ်ကြောင့် ဒုတိယအကျော့ဟာ ဗိုလ်လုပွဲတစ်ပွဲလို ဖြစ်လာပါလိမ့်မယ်

ဒီနေ့မနက်အစောပိုင်းက ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်း ဘာနေဗျူးမှာ မန်စီးတီးကို သရေကျခဲ့ပါတယ်။ အိမ်ရှင်အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၆ မိနစ်မှာ ကာမာဗင်ဂါရဲ့ တစ်ကိုယ်တော်ဆွဲပြေးပြီး ချပေးတဲ့ဘောလုံးကို ဗင်နီရှပ်က ဂိုးဧရိယာအပြင်ကနေ အပြင်းကန်သွင်းကာ ရယူပေးခဲ့တာဖြစ်ပါတယ်။ နှစ်သင်းလုံးရဲ့ အပြန်အလှန်ထိုးဖောက်ကစားမှုတွေကြောင့် တကယ့်ကို ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ဒုတိယပိုင်း ၆၇ မိနစ်မှာတော့ မန်စီးတီးတို့ ချေပဂိုးရရှိသွားခဲ့ပါတယ်။
မန်စီးတီးအတွက် ချေပဂိုးကိုတော့ ဂန်ဒိုဂမ်ချပေးတဲ့ဘောလုံးကို ဒီဘရိုင်းက ဂိုးဧရိယာအပြင်ကနေ တိကျပြင်းထန်တဲ့ ကန်သွင်းချက်နဲ့ ရယူပေးခဲ့တာပါ။ ဒီပွဲသရေကျသွားခဲ့တာကြောင့် အီတီဟတ်မှာ ကစားမယ့် ဒုတိယအကျော့ပွဲစဉ်ကတော့ ဗိုလ်လုပွဲတစ်ပွဲလို ပြိုင်ဆိုင်မှု ပြင်းထန်နေဦးမှာ အသေအချာပါပဲ။ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဒီဘရိုင်းက ရရှိသွားခဲ့ပါတယ်။ #Shwesports