ရွှေကို တစ်ရွေးမှစတင်၍ ပေါက်ဈေးအတိုင်း uabpay မှစတင်ဝယ်ယူနိုင်

UAB Pay မှတစ်ဆင့် ရွှေကိုတစ်ရွေးမှစတင်၍ ပေါက်ဈေးအတိုင်းဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

UAB ဘဏ်သည် Digital application ဖြစ်သည့် uabpay မှတစ်ဆင့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဒီဂျစ်တယ်နည်းပညာနှင့် ရွှေရင်းနှီးမြှုပ်နှံခြင်းဝန်ဆောင်မှုအား စတင်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း မတ်လ (၂၉) ရက် တွင် တရားဝင်မိတ်ဆက်ခဲ့သည်။

“ရွှေရင်းနှီးမြှုပ်နှံမှုကို လုံခြုံလွယ်ကူပြီး လူတိုင်းအဆင်ပြေပြေလုပ်ဆောင်နိုင်ရမယ်ဆိုတဲ့ SBT ရဲ့ယုံကြည်မှုမျိုး ကျွန်တော်တို့မှာလည်းရှိပါတယ်။ ၂၀၂၀ခုနှစ် ဧပြီလမှာ စတင်မိတ်ဆက်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ uabpay Application ဟာ Super application အဖြစ်ပြောင်းလဲတည်ဆောက်ရာမှာ ဈေးကွက်ဖော်ဆောင်သူအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ အသုံးပြုသူတွေကို ငွေပေးချေမှုပုံစံ၊ လူမှု့ဆက်ဆံရေး၊လူနေမှုပုံစံ၊သင်ယူရေးနှင့် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ အစရှိသည်တို့တွင်လည်း ရွေးချယ်စရာအမျိုးမျိုးတို့နဲ့ ဖြည့်ဆည်းပေးနေပါတယ်”ဟု UAB Bank ၏ MD နှင့် CEO ဖြစ်သူ Mr.Christopher Loh မှပြောကြားခဲ့သည်။

မြန်မာပြည်တွင် ပထမဦးဆုံး Digital Payment ဖြင့်ရွှေကို တစ်ချိန်တည်းတွင်ပေးချေ၊ လက်ခံ၊ဝယ်၊ ရောင်းနိုင်ခြင်း၊ ဝယ်ယူထားသောရွှေပမာဏနှင့် ကာလပေါက်ဈေးနှိုင်းယှဉ်ကာ အရှုံးအမြတ်ကို Dashboard တွင် Real Time မြင်နိုင်ခြင်း၊ ရွှေသားထုတ်ယူလိုပါကလည်း (၁) ကျပ်သားမှစတင်ထုတ်ယူနိုင်ခြင်းစသော လုပ်ဆောင်ချက် အားလုံးကို uabpay Application ရှိရုံဖြင့်  အလွယ်တကူလျင်မြန်စွာဆောင်ရွက်နိုင်ကြောင်း သိရသည်။  #uab