ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ဗိုဗီနမ်ပြိုင်ပွဲတွင် မြန်မာက ရွှေ(၅)၊ ငွေ (၄)၊ ကြေးတံဆိပ် (၁၈) စုစုပေါင်း ဆုတံဆိပ် (၂၇) ဖြင့် နိုင်ငံအလိုက် အဆင့်(၃)ဖြင့် တတိယဆုရရှိ

ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၃ ခုနှစ်၊ မတ်လ(၂၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် 6th SEAVF Southeast Asian vovinam championship 2023 ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲကို မတ်လ ၂၅ ရက်မှ ၃၀ရက် အထိကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်နိုင်ငံ (၇)နိုင်ငံ ဝင်​ရောက်ယှဥ်ပြိုင်ခဲ့ရာ မြန်မာဗိုဗီနမ်အသင်းက ရွှေတံဆိပ် (၅) ခု၊ ငွေတံဆိပ် (၄)ခု၊ ကြေးတံဆိပ် (၁၈)ခု၊ စုစုပေါင်း ဆုတံဆိပ် (၂၇)ခုဖြင့် နိုင်ငံအလိုက် အဆင့် (၃)​ ရပ်တည်ကာ တတိယဆု ရရှိခဲ့သည်။

Sea Games အကြိုအဖြစ်ကျင်းပသည့် 6th SEAVF South Asian Vovinam Championship 2023 သို့အဖွဲ့ခေါင်းဆောင် မြန်မာနိင်ငံသိုင်းအဖွဲ့ချုပ်ဒုတိယဥက္ကဌဦးမျိုးနောင်၊ အုပ်ချုပ်သူ ဦးလွမ်းအောင် လက်ထောက် ညွှန်ကြားရေးမှူး( အား/ကာ)နည်းပြ အမျိုးသား ၁ဦး၊အမျိုးသမီး ၁ဦး၊ ဒိုင် အမျိုးသား ၁ဦး၊အမျိုးသမီး ၁ဦး၊ အားကစားသမား အမျိုးသား ၁၀ဦးနှင့်အမျိုးသမီး ၁၀ဦး၊ စုစုပေါင်း ၂၇ဦးတို့ သွားရောက် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။