မြန်မာယူ – ၂၃ အသင်းမြောက်ကိုရီးယားထံ မှ တစ်မှတ်ခွဲယူ

အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပရာ မြန်မာအသင်းနှင့် မြောက်ကိုရီးယား အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။

သြဂုတ် ၁၅ ရက်က အင်ဒို နီးရှားနိုင်ငံ ၀ီဘာဝါမူကစ်ကွင်း၌  ကျင်းပသည့် အဆိုပါပွဲတွင် မြန်မာအသင်းက အဓိက ကစားသမားများဖြင့် ပွဲထွက်ပြီး မြောက်ကိုရီးယားအသင်းကို အကောင်းဆုံးပုံစံဖြင့် တုံ့ပြန်နိုင်ခဲ့သည်။  ပထမပိုင်းတွင် မြောက်ကိုရီးယား အသင်းက အနည်းငယ်အသာစီး ရရှိပြီး ဂိုးသွင်းခွင့်များ ရသော်လည်း မြန်မာဂိုးသမား ကျော်ဇင် ထက်လက်စွမ်းပြ ကာကွယ်နိုင်ခြင်းကြောာင့် ဦးဆောင်ဂိုးခွင့်မ ပြုရခြင်းဖြစ်သည်။

မြန်မာယူ-၂၃ အသင်းသည် မိနစ် ၂ဝ နောက်ပိုင်းတွင် မြောက်ကိုရီးယားဘက်သို့ ပြန်လည် ခြိမ်းခြောက်လာနိုင်၍ ဂိုးရနိုင်သည့် အခွင့်အရေးများ ဖန်တီးလာနိုင်ပြီး ၄၅ မိနစ်တွင် မြန်မာအသင်း ဂိုးစရခဲ့သည်။ ဒုတိယပိုင်းတွင် မြောက်ကိုရီးယား အသင်းက ချေပဂိုးရရန် တိုက်စစ် အားမြှင့်လာသလို မြန်မာအသင်းကလည်း ဂိုးပြန်မပေး ရရေးအတွက် ခံစစ်ကစားသမား များထည့်ကာ ခံစစ်အားပြု ကစားခဲ့သည်။ ၅၅ မိနစ်တွင် မြောက်ကိုရီးယား အသင်း ဂိုးပြန်ရခဲ့သည်။ ဂိုးရပြီး နောက်ပိုင်းတွင် မြောက်ကိုရီးယားအသင်း ဂိုးထပ်ရရန် ကြိုးပမ်းခဲ့သော်လည်း ကျော်ဇင်ထက် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့၍ ဂိုးထပ်မပေးရခြင်း ဖြစ်သည်။ မြန်မာ အသင်းသည် တန်ပြန် တိုက်စစ်ဖြင့်သာ ကစားခဲ့ပြီး ၆၇ မိနစ်တွင် အောင်သူ ကန်ခွင့် ရခဲ့သော်လည်း ဘားထိထွက်ခဲ့၍ နစ်နာခဲ့ရသည်။ အုပ်စု(စ) အခြားပွဲတွင် အီရန်အသင်းနှင့် ဆော်ဒီ အသင်းတို့ ဂိုးမရှိ သရေကျခဲ့သည်။

ထို့ကြောင့် အုပ်စု (စ) ပွဲစဉ်(၁) အပြီးတွင် မြန်မာ၊ မြောက်ကိုရီးယား၊ ဆော်ဒီ၊ အီရန်အသင်းတို့  တစ်မှတ်စီ ရရှိထားသည်။ မြန်မာအသင်းသည် အုပ်စု  ဒုတိယပွဲအဖြစ် သြဂုတ် ၁၇ ရက် မြန်မာစံတော်ချိန်ညနေ ၄ နာရီ ခွဲ၌ ဆော်ဒီအာရေးဗီးယားအသင်း နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။  အာရှအားကစားပြိုင်ပွဲအမျိုးသား  ဘောလုံးပြိုင်ပွဲကို အသက် (၂၃) နှစ်အောက် သတ်မှတ်ထားသော်လည်း ပြိုင်ပွဲစည်းမျဉ်းအရ အသက်ကျော်ကစားသမား သုံးဦး ပါဝင် ယှဉ်ပြိုင်ခွင့် ရှိသည်။

Source: MFF