နိုင်ငံလက်ရွေးစင်အဖြစ် ပွဲအများဆုံးကစားသူ စံချိန်တင်လိုက်တဲ့ ရော်နယ်ဒို

မတ်လ ၂၃ ရက်နေ့မှာ ကစားတဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းက ကစားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပွဲပေါင်း ၁၉၇ ပွဲကစားခဲ့သူအဖြစ် ကမ္ဘာ့စံချိန်တင်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလားက မော်ရိုကိုနဲ့ကစားတဲ့ပွဲမှာ ရော်နယ်ဒိုက နိုင်ငံလက်ရွေးစင် အဖြစ် ၁၉၆ ပွဲ ကစားသူဖြစ်လာပြီး ကူဝိတ်တိုက်စစ်မှူး ဘာဒါ အယ်လ်မူတာဝါနဲ့ စံချိန်တူသွားခဲ့တာပါ။ ရော်နယ်ဒိုဟာ လက်ရှိ ဆော်ဒီအာရေဗျက အယ်လ် နာဆာအသင်းမှာ ကစားနေပြီး နိုင်ငံလက်ရွေးစင်အဖြစ် ၁၁၈ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားသူ စံချိန်လည်း တင်ထားပါတယ်။ **ဖြည့်စွက်ရေးသားချက် – အခုကစားပြီးသွားတဲ့ ယူရို ၂၀၂၄ ခြေစ်ပွဲ ပေါ်တူဂီ-လိချ်တင်စတိုင်း ပွဲမှာ ပေါ်တူဂီက ၄-၀ နဲ့နိုင်ပြီး ရော်နယ်ဒိုက ၂ ဂိုး သွင်းယူခဲ့တဲ့အတွက် နိုင်ငံလက်ရွေးစင်အဖြစ် စံချိန်တင် သွင်းဂိုး ၁၂၀ ရှိသွားပြီဖြစ်ပါတယ်။