မန်ယူတိုက်စစ်မှူး မိုဗစ်ခ်ျ အယ်လ်အေဂလက်စီသို့ ပြောင်းရန် အိမ်တလုံးရှာဖွေနေ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျဟာ အယ်လ်အေဂလက်ဆီ အသင်းကို ပြောင်းရွှေ့ ကစားဖို့အတွက် လော့စ်အိန်ဂျလိစ်မြို့မှာ အိမ်တလုံး ရှာဖွေနေတယ်လို့ သိရပါတယ်။

အသက် ၃၆ နှစ်ရှိ အီဗရာဟီမိုဗစ်ခ်ျဟာ ပြီးခဲ့တဲ့နှစ်က ဒဏ်ရာရခဲ့ပြီးနောက် အသင်းနဲ့ တနှစ်စာချုပ်သက်တမ်း တိုးမြှင့်ထားတာပါ။

လက်ရှိအချိန်မှာတော့ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး နည်းပြမော်ရင်ဟိုက ကျေနပ်မှုမရှိတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

အီဗရာဟီမိုဗစ်ခ်ျကို မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်ဆီအသင်းက နှစ်အတော်ကြာ စောင့်ကြည့်နေတာ ဖြစ်ပြီး လာမယ့်နွေရာသီမှာ ခေါ်ယူမယ်လို့ ဆိုပါတယ်။

အယ်လ်အေဂလက်ဆီ နည်းပြကတော့ အီဗရာဟီမိုဗစ်ခ်ျဟာ မက်ဆီ၊ နေမာတို့လို ပုံရိပ်ကြီးတဲ့ ကစားသမားဖြစ်ပြီး အသင်းကို ရောက်လာမယ်ဆိုရင် အကျိုးကျေးဇူး အများကြီးရှိတယ်လို့ ဆိုပါတယ်။

အီဗရာဟီမိုဗစ်ခ်ျဟာ ပြီးခဲ့တဲ့နှစ်က မန်ယူအသင်းအတွက် ၄၆ ပွဲမှာ ၂၈ ဂိုးအထိ သွင်းယူခဲ့ပေမယ့် အခုနှစ် ရာသီမှာတော့ ၇ ပွဲပဲကစာပြီး ၁ ဂိုး သွင်းယူထားပါတယ်။

—Ref:Goal