ခြင်တွေ အရမ်းမုန်းတဲ့ အနံ့များ

ခြင်ကြောင့်ဖြစ်တဲ့ငှက်ဖျားရောဂါက အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ရောဂါဖြစ်ပါတယ်။ ခြင်တွေက အလျင်အမြန်ပေါက်ဖွားလျက်ရှိပြီး နှစ်တိုင်း အသက်သေစေနိုင်တဲ့ ဖျားနားမှုတွေဖြစ်နေပါတယ်။ ခြင်အန္တရာယ်ကနေ ကျွန်တော်တို့ကိုယ်တိုင်ကာကွယ်ဖို့ အရေးကြီးပါတယ်။ အခုတစ်ခါမှာတော့ ခြင်တွေ အရမ်းမုန်းတဲ့အနံ့တွေကို မျှဝေပေးချင်ပါတယ်။ အဲဒီအနံ့တွေကတော့

ကြက်သွန်ဖြူအနံ့

ကြက်သွန်ဖြူအနံ့က ခြင်တွေကို ပြေးစေတယ်လို့ သိထားကြပါတယ်။ ကြက်သွန်ဖြူတွေကို စားပေးမယ်ဆိုရင်လည်း သွေးစုပ်တဲ့အင်းဆက်ပိုးမွှားတွေ အဝေးကို မောင်းထုတ်ပေးနိုင်တယ်လို့ သိရပါတယ်။

ပင်စိမ်းအနံ့

ဒီအပင်က ကျွန်တော်တို့ရဲ့အိမ်တွေမှာ အဆင်ပြေသလို လွယ်ကူစွာနဲ့ အပင်ပေါက်နိုင်ပါတယ်။ ပင်စိမ်းအရွက်ကနေ ထုတ်လုပ်ထားတဲ့အဆီက ခြင်တွေကို ပြေးစေတဲ့နေရာမှာ ထိရောက်မှုရှိတယ်လို့ လူသိများကြပါတယ်။

ပူစီနံ

ပူစီနံရွက်က အအေးတွေနဲ့ ပီကေတွေမှာ အတော်လေးအသုံးပြုကြပါတယ်။ အဲဒီအရွက်က လူတွေကို လန်းဆန်းစေတဲ့အတွက် လူသိများကြပါတယ်။ ပူစီနံအရွက်ကထုတ်ထားတဲ့အဆီက ခြင်တွေကိုလည်း အဝေးကို ပြေးစေပါတယ်။

စပါးလင်အဆီအနံ့

စပါးလင်ပင်ကထုတ်လုပ်ထားတဲ့အဆီက ခြင်တွေ မလာအောင် စွမ်းဆောင်နိုင်ပါတယ်။

တမာဆီအနံ့

အော်ဂဲနစ်တမာအဆီက ခြင်အန္တရာယ်ကနေ သင့်ကို ကာကွယ်နိုင်တဲ့ အလွယ်ကူဆုံးနည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်ရမှာက ခြင်ကိုက်မခံရအောင် တမာအဆီကို အရေပြားပေါ်မှာ လိမ်းပေးဖို့ပါပဲ။

အပေါ်မှာဖော်ပြပေးထားတဲ့အရာတွေက ခြင်ကိုက်မခံရအောင် ခြင်တွေကို အဝေးကို ပြေးစေပါတယ်နော်..။

Team (ရိုးရာလေး)