အိပ်ရာခင်းတွေ ပုံမှန်မလျှော်ရင် ရရှိလာမယ့် ကျန်းမာရေးဆိုးကျိုးများ

သန့်ပြန့်မွှေးကြိုင်တဲ့ (ခေါင်းအုံးစွပ်တွေအပါအဝင်) အိပ်ရာခင်းပေါ်မှာ အိပ်ရတာ အရသာရှိမှန်းသိပေမဲ့ လူအား လုံးလိုလိုက ဒါတွေကို လျှော်ဖွတ်ရမှာ ပျင်းတတ်ကြ ပါတယ်။ အဝတ်အစားလို အနံ့အသက်မထွက်တဲ့အတွက် သန့်ရှင်းသေးတယ်လို့ ထင်နေတတ်ကြတာလည်း ပါပါတယ်။

untitled

ချွေးတွေ၊ ကိုယ်လိမ်းအဆီတွေ၊ တစ်နေကုန် သွားလာရင်းပါလာတဲ့ ဖုန်မှုန့်တွေအပြင် သွားရည်တွေနဲ့ အခြား ကိုယ်ခန္ဓာက ထွက်တဲ့အညစ်အကြေးတွေနဲ့ သင့်ရဲ့ အိပ်ရာက ရွံစရာတွေ အများကြီးနဲ့ တည်ဆောက်ထားတာပါ။

အိပ်ရာခင်းတွေကို မလျှော်လေ ယင်းအညစ်အကြေးတွေက များပြားလာလေဖြစ်ပြီး တစ်ပတ်တစ်ခါ ပုံမှန် မလျှော်တဲ့ အိပ်ရာခင်းစွပ်တွေပေါ်မှာ အိပ်ရာယားယံ တာတွေအပြင် ကူးစက်ရောဂါတွေတောင် ရရှိနိုင်ပါတယ်။

သင့်အိပ်ရာပေါ်မှာ ကျသွားတဲ့ ဆဲလ်သေတွေကြောင့် ကမျဉ်းကောင်လေးတွေလည်း ရောက်လာနိုင်ကာ အသက် ရှူလို့ မဝတဲ့ ပြဿနာတွေလည်း ဖြစ်လာ နိုင်ပါတယ်။

အိပ်ရာခင်းတွေကို မလျှော်တာကြာလေ ဆဲလ်သေတွေ၊ ကမျဉ်းကောင်တွေနဲ့ အခြားအညစ်အကြေး၊ ပိုးမွှားတွေဟာ သင့်ရဲ့အိပ်ရာပေါ်မှာ ပိုမိုများပြားလေ ဖြစ်မှာပါပဲ။

ဒီလိုတွေ မဖြစ်ချင်ဘူးဆိုရင်တော့ သင့်ရဲ့အိပ်ရာကို တစ်ပတ်တစ်ခါ ပုံမှန်လျှော်ပေးပါ။ ပိုးမွှားတွေ သေဖို့အတွက် ရေနွေးနဲ့ လျှော်ရင်ပိုကောင်းပါတယ်။

Source & Photos : Metro

# Duwun


Leave a Reply