နယ်မြေကွင်းဆင်း၍ ဒေသခံများနှင့် စကားဝိုင်းပြုလုပ်

မိတ္ထီလာ မတ် ၁၃

မိတ္ထီလာမြို့နယ်၊ ကျွဲတလင်းကျေးရွာအုပ်စု၊ ဘုံစုကံကျေးရွာတွင် ဒေသခံများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ မိတ္ထီလာမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးမြင့်ဆန်းနှင့် ကော်မတီဝင်များ၊ ရပ်/ ကျေးကော်မတီဝင်များ၊ ပါတီဝင်များ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်အကြောင်း၊ လက်ရှိနိူင်ငံရေးအခြေအနေများနှင့် လူငယ်/အမျိုးသမီးအဖွဲ့များ ဖွဲ့စည်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။