ရွှေစာရံဘုရားဖူးပြီးပြန်လာသည့် ဘုရားဖူးကား မိုင်းထောင်ဖောက်ခွဲကာပစ်ခတ်ခံခဲ့ရ အသက် (၆)နှစ်အရွယ် ကလေးငယ်အပါအဝင် ၃ ဦး သေဆုံး

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊နွားထိုးကြီး-မြင်းခြံသွားကားလမ်း၏ ညောင်ပင်သာကျေးရွာအနီးတွင် မတ် ၇ ရက် ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှသိရသည်။

ယမန်နေ့က မန္တလေးတိုင်း၊တောင်သာမြို့၊အမှတ် (၅)ရပ်ကွက်မှ ဒေါ်ငြိမ်းသန္တာသင်း အပါအဝင် ၉ ဦးသည် ပုသိမ်ကြီးမြို့နယ်ရှိ ရွှေစာရံဘုရားသို့ Toyota Passo ကားဖြင့် ဘုရားဖူးသွားရောက်ပြီးနောက် ပြည်လည်ထွက်ခွာလာခဲ့ကြကြောင်း သိရသည်။

ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊နွားထိုးကြီး-မြင်းခြံသွားကားလမ်း၏ ညောင်ပင်သာကျေးရွာ၏ အရှေ့ဘက်မီတာ ၈၀၀ ခန့်အကွာတွင် လက်နက်ကိုင်အဖွဲ့ဝင်များက လမ်း၏ညာဘက်မှ လက်လုပ်အဝေးထိန်းမိုင်း ၁ လုံးဖြင့်ဖောက်ခွဲပြီး သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြသည်။

ထို့ကြောင့် အသက်(၆)နှစ်အရွယ်ရှိ မောင်ရွှေဘုန်းသစ်နှင့်ဒေါ်ငြိမ်းသန္တာသင်း၊ဦးသန်းထိုက်မျိုးတို့တွင် မိုင်းစထိမှန်၊ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ဦးရှိုင်းယုလတ်နှင့်ဒေါ်ရီမွန်ကို တို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။