ပါတီဝင်စီစစ်ခြင်းကိစ္စများအား ပြည်ထောင်စုနယ်မြေပါတီဥက္ကဌမှ သွားရောက်ကြည့်ရှုအားပေး

မတ်လ ၈ရက်နေ့  ၂၀၂၃

နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဥက္ကဌ ဦးလှဆွေ ပါတီနာယက ဦးဌေးဝင်း ပါတီအတွင်းရေးမှူး ဦးဝင်းဌေး တို့ ပါဝင်သောအဖွဲ့သည် ပါတီဝင်အဟောင်းများ ပြန်လည်စီစစ်ခြင်းနှင့် ပါတီဝင်အသစ်များစုဆောင်းခြင်းလုပ်ငန်းများ အချိန်မှီပြီးဆီးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ ကွင်းဆင်းခြင်းလုပ်ငန်းများအား နံနက် (၁၀)နာရီမှ ညနေ (၃)နာရီအထိ ဆောင်ရွတ်ခဲ့ပြီး ဒက္ခိဏသီရိမြို့နယ် ဥတ္တရသီရိမြို့နယ် တပ်ကုန်းမြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။