ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းအား ပအိုဝ်းဒေသအထိ တိုးချဲ့ပြေးဆွဲသွားမည်

ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအား နစက ဥက္ကဋ္ဌမှ မတ် ၇ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌအား လုပ်ငန်းဆောင်ထွက်နေမှုများနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းက ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းအား ခရီးသွားများကို ဆွဲဆောင်နိုင်မည့် ရှမ်းပြည်နယ်၏ ထင်ရှားသောဘဝသံသရာရထားလမ်းတံတားပုံစံအတိုင်း တည်ဆောက်နေမှုနှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိမှုတို့အား ရှင်းလင်းတင်ပြခဲ့သည်။

ရထားလမ်းသယ်ယူပို့ဆောင်ရေးသည် ဒေသအတွက် များစွာအကျိုးရှိ၍ ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို သာမာန်ခရီးသွားပြည်သူများ သွားလာအသုံးပြုနိုင်ရန်၊ ကုန်စည်များ ပိုမိုကူးသန်းရောင်းဝယ်နိုင်ရန်၊ ဒေသတွင်းရှိ တွင်းထွက်ပစ္စည်းများနှင့်ထုတ် ကုန်ပစ္စည်းများ ပိုမိုကူးသန်း ရောင်းဝယ်နိုင်ရန်၊ ခရီးသွားပြည်သူများကိုဆွဲဆောင်နိုင်ရန် ရည်ရွယ်ထားသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

“ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းကို နောက်ပိုင်းမှာ ပအိုဝ်းဒေသအထိ တိုးချဲ့ပြေးဆွဲသွားမှာပါ။ ဒါ့အပြင် ရထားလမ်းကို ဘဝသံသရာ ရထားလမ်းအတိုင်း စနစ်တကျတည်ဆောက်ဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

ကားလမ်းများအနီးရှိ ရထားသံလမ်းပိုင်းနေရာများအား ဘေးအန္တရာယ်ကင်းရန် အကာအရံများ ဆောင်ရွက် ပေးရမည်ဖြစ်ပြီး မြေထိန်းနံရံ(Toe Wall)များရေကာနံရံများနှင့်ရေထုတ်ပြွန်များ၊ရေထုတ်မြောင်းများကိုလည်း စနစ်တကျထည့်သွင်းဆောင်ရွက်ရမည်ဟု မှာကြားကာ စီမံကိန်းဧရိယာအတွင်းသို့ နစက ဥက္ကဋ္ဌမှ ကြည့်ရှု​ခဲ့သည်။