ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးမှ ချမှတ်ခဲ့သောရှေ့လုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်းပြီး ပညာရေး ပဒေသာပင်အတွက် အလှူငွေများလှူဒါန်း

ကွမ်းလုံ ဖေဖော်ဝါရီ ၂၂

ရှမ်း/ မြောက်ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ဥက္ကဌ Drမျိုးထွန်း၊ ကွမ်းလုံခရိုင်ပါတီဥက္ကဌ ဦးထွန်းရင် တို့သည် ကွမ်းလုံမြို့ နယ်ပါတီ ကော်မတီဝင်များနှင့်  တွေ့ဆုံပြီး ဗဟိုအလုပ်အမူ ဆောင် ကော်မတီ(၃)လတစ်ကြိမ်စုံညီ အစည်းအဝေး ၂/၂၀၂၃ မှချမှတ် ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ပြည်နယ်ဥက္ကဌ မှ စည်းလုံးညီညွတ်မှု၊ အင်အားကြီးမားမှု၊ တိကျပြတ်သားမှု၊သစ္စာရှိမှု၊ ပြည်သူလူထု ယုံကြည် အားကိုးမှု စသည့်အချက်များနှင့် ပြည့်စုံသည့် SMART partyဖြစ်အောင် ကြိုးစား ဆောင်ရွက်ရန်၊ ပြည်သူနှင့် တစ်သားတည်းရှိသည့်အသွင်သစ်ဆက်ဆံရေး တည်ထောင်ကြရန်၊ ပါတီဝင်အင်အားစီစစ်ခြင်း၊ ပါတီဝင်သစ်နှင့် ဝန်းရံ အင်အား တိုးမြှင့်ရရှိ ရေးကြိုးပမ်းဆောင် ရွက်ရန်၊ First Time Voterများ/ ပါတီဝင် ဟောင်းများ/မိတ်ဘက် များ/လူငယ်/အမျိုးသမီး/ စာပေယဉ်ကျေးမှုအသင်းများ/ လူမှုရေးအသင်းအဖွဲ့များနှင့် စဉ်ဆက်မပြတ်ထိတွေ့ ဆက်ဆံရေး ဆောင်ရွက်ရန်၊ လုံခြုံရေးနှင့်စည်းရုံး ရေးကဏ္ဍကြီး(၈)ရပ် အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်  ဆွေးနွေးမှာကြားခဲ့ပါသည်။

ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်နယ်ဥက္ကဌ နှင့် ခရိုင်ဥက္ကဌတို့မှ  ပေါင်းစပ် ညှိနှိင်း ဆောင်ရွက် ပေးခဲ့ပါသည်။

ကွမ်းလုံမြို့နယ်ပညာရေး ပဒေသာပင်အတွက် ကွမ်းလုံခရိုင်ပါတီမှ ၅ သိန်းကျပ် နှင့် မြို့နယ်ပါတီမှ ၅ သိန်းကျပ် ပါဝင်လှူဒါန်းခဲ့ပါသည်။